Sunday, October 22, 2017

To Be a Professional

Welcome to IT Field!!
သင် IT လောကမှာ Professional တစ်ယောက်ဖြစ်ချင်ပြီလား?



ဘာမှမပြောခင် Professional ဆိုတာလေးစဉ်းစားပြီး အဖြေထုတ်ကြည့်စေချင်ပါတယ်။ ကျနော်တွေးမိသလောက်တော့
“ ပညာရပ်တစ်ခုကို ကျွမ်းကျင်နေရုံနဲ့ Professional မဖြစ်သေးဘူး။ ပတ်ဝန်းကျင်တစ်ခုကလည်း သူ့ကိုသိပြီးလက်ခံနေရမယ်။ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း အဲ့ပညာရပ်နဲ့ဖြစ်ဖြစ် ကောင်းကျိုးပြုနိုင်ရပါမယ်။ ”
ကျတော့အမြင်သက်သက်ပါ။

IT လောကမှာ Professional တစ်ယောက်ဖြစ်ဖို့ဆိုတာ IT ကို တကယ်ချစ်မှ ဖြစ်နိုင်မှာပါ။
နောက်ထပ်လိုအပ်တာက . . .
၁။ စာဖတ်မပျင်းရဘူး (နည်းပညာအသစ်အဆန်းတွေနောက်ကို ထပ်ချပ်မကွာဖို့ပါ)
၂။ ကိုယ်လျှောက်မယ့် လမ်းကြောင်းကို တိတိကျကျသိရပါမယ်။ ( သင်တန်းကအစ ဘာပြီးဘာတက်မယ်ဆိုတာမျိုးပါ)
၃။ သင်ယူလိုစိတ် ထာဝရ ပြင်းပြနေရပါမယ်
၎။ သီအိုရီနဲ့ လက်တွေ့ တစ်သားတည်းကျနေရပါမယ်
၅။ မလျော့သော ဇွဲနဲ့ ကြိုးစားနိုင်ရပါမယ်
၆။ ဖြန့်ကျက်တွေးတောနိုင်မှုကို မွေးမြူနိုင်ရပါမယ်။
အစမှာ အောင်မြင်ဖို့ ၀င်ငွေကောင်းဖို့ထက် အခြေခံဘယ်လောက်ပိုင်နိုင်လဲ?
Theory တွေကို သေချာ ပြတ်ပြတ်သားသားနားလည်လား?
တကယ် လုပ်နိုင်ပြီလား? ဆိုတာက အရေးကြီးပါတယ်။
ဘယ်သင်တန်းကမှ “သင်တန်းအပြီး ဆရာကြီးဖြစ်စေ” ဆိုတာမျိုးမပေးနိုင်ပါဘူး။
အတက်နိုင်ဆုံး သီအိုရီတွေ အခိုင်မာဆုံးဖြစ်အောင်ဆောက်ပေးမယ်၊ ကိုယ်တိုင် တိတိကျကျ ပြတ်ပြတ်သားသားနားလည်နေရပါမယ်။ မရှင်းရင် ရှုပ်နေမှာပါ။ အဲ့ဒါ တစ်သက်လုံးသွားရော။ စာဖတ်ဖို့နဲ့ ဆရာတွေကို မေးဖို့က သင့်တာဝန်ပါ။ တကယ်တတ်ချင်ရင် တကယ် Try ရမှာပါ။
လက်တွေ့ပိုင်းတွေဆို ရှေ့ကလုပ်ပြမယ်၊ တစ်ကြိမ်မရရင် နောက်တစ်ကြိမ်လုပ်ပြပေးမယ်၊ ဘာကြောင့် Next နှိပ်ရတာလဲ သေချာနားလည်နေရပါမယ်။ Next > Next > Next > install အကွက်တွေက သင့်ကို တချိန်ဒုက္ခလှလှလေးတွေ အများကြီးပေးပါလိမ့်မယ်။ ကွန်ပျုတာမှာ Click တစ်ချက်တိုင်း Command တစ်ကြောင်းတိုင်းဟာ အလကားမဟုတ်ပါဘူး၊ လိုလို့ လုပ်ရတာတွေပါ။
သင်ကိုယ်တိုင်နားလည်ပြီဆို . . . အကြိမ်ကြိမ် ထပ်ခါထပ်ခါ ပြန်လေ့ကျင့်ပါ။ နည်းအမျိုးမျိုးပြောင်းစမ်းပါ။ Error တွေကို Group အလိုက်ဖြေရှင်းပါ။ စာဖတ်ပါ။ ဆရာကိုမေးပါ။
တစ်ခုခုကို ရပြီဆိုပြီးလည်း ပစ်မထားလိုက်နဲ့ ၃ လတစ်ခါလောက် ကိုယ့်ဘာသာ ပြန်စာမေးပွဲစစ်ပါ။ စာအုပ်ကြည့်လုပ်နေရရင် မဟုတ်သေးဘူး ပျော့သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးပါ။
အရေးကြီးဆုံးက လမ်းကြောင်းမလွဲဖို့နဲ့ လိုင်းမကြောင်ဖို့ပါ။
သူများက ဘယ်မှာ ဘယ်လောက်ရတယ်။ ဘယ်သူက ဘယ်မှာ ဘယ်နှစ်လအတွင်း အဆင်ပြေနေပြီ။ ဘာ . . ညာ . .
အဲ့တာတွေ ခေါင်းထဲမထည့်ပါနဲ့။ သင်လုပ်ရမှာကိုပဲ သေချာလုပ်ပါ။ အောင်မြင်နေတဲ့သူတွေ သူတို့ဘယ်လောက် Try ခဲ့လည်း ဘယ်သူမှမသိနိုင်ပါဘူး။
နောက်ဆုံးတစ်ခုက သင်မသိရင် သင်ခံရမှာပဲဆိုတာလေးပါ။ အခြေခံပိုင်မှလည်း မြင့်မြင့်ဆောက်နိုင်မှာမို့ . . .
* အခြေခံပိုင်အောင်လုပ်
* သီအိုရီခိုင်အောင်လေ့လာ
* လက်တွေ့အားကောင်းပါစေ
* အားရင် နည်းပညာအသစ်အဆန်းတွေရှာဖွေပါ။
* လိုင်းမကြောင်ပါနဲ့။
* တစ်ဆင့်ပြီးမှ နောက်တစ်ဆင့်တက်ပါ။
** နည်းပညာလောကထဲဝင်လာမည့် ညီငယ်/ညီမငယ်များ အတွက်ရည်ရွယ်ချက်ကောင်းဖြင့် ရေးသားပါတယ်။
ကျနော်အရမ်းကြိုက်တဲ့စကားလေးတစ်ခုနဲ့ ဒီစာကို နိဂုံးချုပ်ပါတယ်။
“တစ်ခုခုကိုတော်အောင်လုပ် . . မင်း . . . အဖိုးတန်သွားလိမ့်မယ်။”

     >>>>>> Shar Thu <<<<<<<

0 comments:

Post a Comment

Featured Post

OSPF အပိုင်း(၂)

OSPF ဘယ်လို အလုပ်လုပ်လဲ? Step 1           ပထမဆုံးသူ hello packet ကိုပို့ပြီး Neighbor ရှာမယ်။ Neighbor ရှာပြီးရင် Topology Table...