Wednesday, November 29, 2017

ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်

ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်
 
၁။ ရည်မှန်းချက်တစ်ခုရှိရမယ်။
၂။ အမြဲပြုံးပါ။
၃။ ပျော်ရွှင်မှုကိုဝေမျှတဲ့အကျင့်လုပ်ပါ။
၎။ တစ်ခါတစ်ခါ အွန်းလိုင်းပေါ်တက်ပြီး comment လေးတွေပေးကြည့်ပါလား။
၅။ ကိုယ့်ရဲ့ ဖြူစင်တဲ့စိတ်လေးကို မပျောက်သွားအောင် သတိထားပါ။
၆။ လူတိုင်းနဲ့ပျော်ရွှင်စွာဆက်ဆံပေါင်းသင်းပါ။
၇။ humor ဖြစ်နေပါစေ။
၈။ ပြာလောင်မခက်ပါစေနဲ့။
၉။ ခွင့်လွတ်တတ်တဲ့ သူဖြစ်အောင်လုပ်ပါ။
၁၀။ ရင်းနှီးတဲ့သူငယ်ချင်းရှိပါစေ။
၁၁။ တခြားသူနဲ့ ပူးပေါင်းလုပ်ဆောင်လိုက်ရတာကို ကျေနပ်အောင်လုပ်ပါ။
၁၂။ ကိုယ်လုပ်ချင်တာလေးလုပ်ပြီးရင် ပြန်တွေးပြီး ကျေနပ်နေပါစေ။
၁၃။ ယုံကြည်ချက်ရှိပါစေ။
၁၄။ အားနည်းသူကိုလေးစားပါ မလောင်ရယ်ပါနဲ့။
၁၅။ တခါတခါ ကိုယ့်ကိုကိုယ် စိတ်လွတ်ကိုယ်လွတ်နေပါ။
၁၆။ လောဘအတ္တ မကြီးပါနဲ့ ။ ရောင့်ရဲပါ။
၁၇။ အရာရာတိုင်းကို အကောင်းဘက်ကနေတွေးပေးပါ။
၁၈။ ကလေးတွေလို ဆော့ကစားကြည့်ပါ။

ကျွန်တော့ ဆန္ဒ

ကျွန်တော့ ဆန္ဒ
I told Buddha: Let all my friends be healthy and happy forever...!
ကျွန်ုပ်း အရှင်ဘုရား တပည့်တော်၏ သူငယ်ချင်းများအားလုံး ထာဝရ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ

Buddha said: But for 4 days only....!
ဗုဒ္ဓး လေးရက်သာဖြစ်နိုင်မယ်

I said: Yes, let them be a Spring Day, Summer Day, Autumn Day, and Winter Day.
ကျွန်ုပ်း ရပါတယ်အရှင်ဘုရား နွေဦးရက်များ နွေရက်များ ဆောင်းဦးရက်များ ဆောင်းတွင်းရက်များ ဖြစ်ရင်ရပါပြီ

Buddha said: 3 days.
ဗုဒ္ဓး ၃ရက်ပဲရမယ်

I said: Yes, Yesterday, Today and Tomorrow.
ကျွန်ုပ်း တင်ပါ အရှင်ဘုရား။ မနေ့က ဒီနေ့ နက်ဖြန်တိုင်းဖြစ်ရပါလို၏

Buddha said: No, 2 days!
ဗုဒ္ဓ : မရဘူး။ ၂ရက်ပဲရွေး

I said: Yes, a Bright Day (Daytime) and Dark Day (Night-time) .
ကျွန်ုပ်း ရပါတယ်ဘုရား။ မနက်အလင်းရောင်ရတဲ့နေ့တွေနဲ့ ညဖက်အလင်းရောင်ကောင်းကောင်း မရတဲ့နေ့တွေဖြစ်ရင်ရပါတယ်

Buddha said: No, just 1 day!
ဗုဒ္ဓး မရဘူး။ ၁ခု ပဲဖြစ်နိုင်မယ်

I said: Yes!
ကျွန်ုပ် : တင်ပါဘုရား

Buddha asked: Which day?
ဗုဒ္ဓး ဘယ်နေ့လိုချင်လဲ၊

I said: Every Day in the living years of all my friends!
ကျွန်ုပ်း တပည့်တော်၏ သူငယ်ချင်းများအားလုံး အသက်ရှင်နေသော နေ့တိုင်း ပါဘုရား

Buddha laughed, and said: All your friends will be healthy and happy Every Day!
ဗုဒ္ဓက ရယ်လျက် ပြောပါတယ်း သင်၏ သူငယ်ချင်းအားလုံး နေ့တိုင်း ကျန်းမာပျော်ရွှင်နိုင်ပါလိမ့်မည်။


       !!......... Things impossible are challenges  for you .... !!

ရေညှိပင်နဲ့ ဝါးပင်

ရေညှိပင်နဲ့ ဝါးပင်


တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကို အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဘဝကို အရှုံးပေးလိုက်မယ်၊ အလုပ်ကို အရှုံးပေးလိုက်မယ်၊ မိသားစုဘဝကို လက်လျှော့လိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့တောထဲကို ထွက်လာခဲ့တယ်။
တောထဲရောက်တော့ နောက်ဆုံး ဘာမှဆက်မလုပ်ရသေးခင် ဘုရားသခင်နဲ့ စကားပြောဖို့ သူ ဆုံးဖြတ်လိုက်တယ်။
ဘုရားသခင်နဲ့တွေ့တော့ သူကပြောတယ် “ဘုရားသခင်ခင်ဗျား ကျွန်တော်ဘဝကို အရှုံးပေးတော့မယ်။ ကျွန်တော် အရှုံးပေးသင့်တယ်လို့ပဲ ကျွန်တော် ထင်တယ်။
အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင် ဘုရားသခင် ကျွန်တော့်ကို ပေးစရာမရှိဘူး မဟုတ်လား…” လို့ မေးလိုက်တယ်။
ဒါနဲ့ဘုရားက ပြန်မေးတယ် “အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။
သူကတွေ့ကြောင်း ပြောတဲ့အခါမှာ ဘုရားက “အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပျိုးတုန်းက အတူတူပဲ။အစေ့နှစ်မျိုးကိုညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။တူညီတဲ့ မြေသြဇာနဲ့ နေရောင်ခြည်ကို ပေးတယ်။ သိပ်မကြာခင်မှာရေညှိပင်လေးပေါက်လာတယ်။ မြေပေါ်မှာပေါက်လာပြီးေ မြပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။
ဝါးစေ့လေးကတော့ ဘာမှ ဖြစ်မလာပါဘူး။ ဒါပေမယ့် ငါ သူ့အပေါ်မှာ စွန့်လွှတ် အရှုံးမပေး ခဲ့ပါဘူး။ ဆက်ပြီး ရေလောင်း ခဲ့ပါတယ်။
တစ်နှစ်လောက် ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက် ပိုပြီး ပြန့်ပွား လာပါတယ်။ ဝါးစေ့လေး စိုက်ထားတဲ့ နေရာမှာတော့ ဘာမှ ဖြစ်မလာသေးပါဘူး။
၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲ ဘာထူးခြားမှုမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အပေါ်မှာ လက်လျှော့လိုက်ခြင်း မရှိဘဲ ဆက်ပြီး ရေလောင်း ပေးခဲ့ပါတယ်။ ၅နှစ်မြောက် မှာတော့ ဝါးပင်ညှောင့်လေး စထွက် လာပါတယ်။ ဒီလို စထွက်လာပြီး ၆လ အတွင်းမှာပဲ ပေ၁ဝဝ ကျော် အပင်ကြီး ဖြစ်သွား ပါတော့တယ်။
ဝါးပင်ဟာ ဒီလို အချိန်တို အတွင်းမှာ ဒီလောက် အမြင့်ကြီးတက်နိုင်ဖို့ ၅ နှစ်ကြာ အမြစ်တွယ်ယူ ခဲ့ရတယ်လေ။
ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့ အရာ ချမပေးပါဘူး။ သူ့နေရာနဲ့ သူဖြစ်လာဖို့ အရည်အချင်းတွေ ပေးထားတယ်လေ။
ဝါးပင်လေး အပေါ်မှာ လက်မလျှော့သလို အသင့် အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ရေညှိပင်ဟာ ရေညှိပင် နေရာမှာနေပြီး သစ်တောကို စိမ်းလန်း စေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာ နေပြီး သစ်တောကို လှပ စေပါတယ်။
သင့်အလှည့် လာမှာပါ။ သင်အမြင့်ကို တက်ဖို့ အခု အမြစ်တွယ်ဖို့ အချိန် ပေးထားတာပါ လို့ ပြန်ဖြေသတဲ့။
ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက် မြင့်မြင့် တက်မှာလဲ” လို့ ပြန်မေးပါတယ်။
လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့ ပြန်ဖြေတော့
ဘုရားက “အေး အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ တက်လို့ ရတယ်။ ကြိုးစားပြီး တက်ပေတော့” လို့ ပြန်ပြော လိုက်ပါတယ်။

                              တစ်ခုခုရရှိပါစေ..!
                                                         ရှားသူ

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း


"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို
အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ
မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း
အပြောခံနေရတယ်။

ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့
ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့
အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ်
စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"

နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။

ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။
ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက်
အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ
ဖြစ်ရမယ်"
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။
လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့
ပြန်ပြောသွားတယ်။

ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့
ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့
လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ
ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့
အားပေးစကားက မပြောင်းလဲခဲ့ဘူး။
"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး
တွေးတတ်ခေါ်တတ်လာတာပဲ"

တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။
အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော်
ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို
နှစ်ခါပဲ မြင်ဖူးသေးတာ။

အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက်
အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော
အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို
လှမ်းပြောလိုက်တယ်။
"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။
အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း
ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့
ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက
"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက်
နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က
အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း
မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့်
ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှဖြစ်မယ်။"

မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး
ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့
ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက
မင်းရဲ့ ပုခုံးတွေပဲ"

"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"
"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ်
ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ် သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့်
သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်"

သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။ သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

                                             တစ်ခုခုရရှိပါစေ..!                                                              
                                                                ရှားသူ

စကား

စကား


စကားကြီး (၁၁) ခွန်း
၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း
၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော
စကားမျိုးပြောဆိုခြင်း
၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း
၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့
ပြောဆိုခြင်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို
ပြောဆိုခြင်း
၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို
နောက်မှပြောဆိုခြင်း
၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း
၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း
၁၀။ ရေသာသဲတင်ပြောဆိုခြင်း ~ အရှုံးဖြင့်ပြောဆိုခြင်း
၁၁။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင်
ပြောဆိုခြင်း


စကားများခြင်း၏ အပြစ် (၅) ပါး
၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။

စကားအရာ အင်္ဂါ (၁၀) ပါး
၁။ ကာလဝါဒီ ~ ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း
၂။ ဘူတဝါဒီ ~ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း
၃။ ဓမ္မဝါဒီ ~ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၎။ အတ္တဝါဒီ ~ အကျိုးနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၅။ ပိယဝါဒီ ~ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း
၆။ မိဟိတပုဗ္ဗဘာဏီ ~ ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း
၇။ မိတာဘာဏီ ~ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း
၈။ အတုရိတဝါဒီ ~ အဆောတလျင် မပြောဆိုခြင်း
၉။ ပေါရီ ~ ဓလေ့ထုံးစံကိုလိုက်၍ ပြောဆိုခြင်း
၁၀။ ဝိသဒဝါဒီ ~ သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်ခြင်း

စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုပယ် ၂ ခွန်းတည်
၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ
၂။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ
၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ
၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ
၅။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ
၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ

Anniversary Gifts (နှစ်အလိုက် ရတုများ)

Anniversary Gifts (နှစ်အလိုက် ရတုများ)


နှစ်အလိုက် ရတုများကို ဖော်ပြပေးလိုက်ပါတယ်... သိသူတွေရော... မသိသေးသူတွေအတွက်ပါ။

1st      =       Paper
2nd      =      Cotton
3rd      =       Leather
4th      =       Fruit
5th      =       Wood
6th      =       Candy
7th      =       Wool
8th      =       Bronze
9th      =       Pottery
10th     =       Aluminum
11th     =       Steel
12th     =       Silk
13th     =       Lace
14th     =       Ivory
15th     =       Crystal
16th     =       Wax
17th     =       Shell
18th     =       Feather
19th     =       Chili (U.S > Chili Pepper)
20th     =       China
25th     =       Silver
30th     =       Pearl
35th     =       Coral or Jade
40th     =       Ruby
45th     =       Sapphire
50th     =       Gold
55th     =       Emerald
60th     =       Diamond
100th   =       Platinum

                                                                           တခုခုရရှိပါစေ...
                                                                                   ရှားသူ

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၃)

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၃)


အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း
နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင်
ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။
သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့
မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင်
သူ့သားဆီ စာတစ်စောင် ရေးလိုက်တယ်။
"ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ
ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့
ကိုယ့်ကိုယ်ကို နာကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင်
ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ
မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ
သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ
ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင်
အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။
ချစ်တဲ့အဖေ"
များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။
"ဟာ ... အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။
သားအဲဒီအောက်မှာ သေနတ်တွေ မြှုပ်ထားတာ။
နံနက် ၄ နာရီ "
နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။
စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။
ဒါပေမယ့် ဘာ သေနတ်မှ မတွေ့လို့ ပြန်သွားလေရဲ့။ အင်မတန် ခေါင်းရှုပ်သွားတဲ့
အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။
ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။
သားလုပ်သူ စာပြန်လိုက်တာက
"အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ
သားအတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။"

 xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အရင်တစ်ခါက
သူများကို ကူညီပေမယ့် မကောင်းပြောခံရတဲ့ အကြောင်း ရေးဖူးပါတယ်။ အခု
ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့
ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့
စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့
သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန်
အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော်
သိလိုက်ရတာ တစ်ခုက ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာပဲ
ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ်
ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ
ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ
ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင်
နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၂)

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၂)
 

ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး
ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ” လူအတော်များများ
လိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂၀ ကို လုံးချေလိုက်ပြီး
“ဘယ်သူယူမလဲ” လို့ထပ်မေးပြန်တယ်။ လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ။
“ဒါဆို ဒီလိုလုပ်လိုက်ရင်ကော” သူ ဒေါ်လာ ၂၀ကိုအောက်ပစ်ချလိုက်ပြီး
ခြေထောက်နဲ့ နင်းချေလိုက်တယ်။ ဒေါ်လာ ၂၀ တွန့်ကြေပြီး ညစ်ပတ်သွားတယ်။ “ကယ်
ဘယ်သူယူအုံးမလဲ” လက်ထောင်ကြသေးတယ်။ “သူငယ်ချင်းမိတ်ဆွေတို့
အရမ်းအနှစ်သာရရှိတဲ့အကြောင်းကိုပြောသွားတာ သိလိုက်ကြလား။ ဘယ်လိုလုပ်လုပ်
ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပဲ။ အားလုံးလိုချင်နေတာပါပဲ။
တန်ဖိုးမလျော့သွားပါဘူး။
လူ့ဘ၀ခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ်
ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကို
လုံးဝအသုံးမကျဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သင်ကသင်ပါပဲ။
ညစ်ပတ်နေတဲ့ အ၀တ်တွေကိုဝတ်ထားပါစေ။အားလုံးဟာ
အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၁)

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၁)

တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာ
ကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ၄၀ လက်မ
အမြင့်ကတော့ ၁၀ လက်မပေါ့။ ခြံကိုလာတဲ့သူအားလုံး
ကျောက်တုံးကြီးကိုခလုတ်တိုက်ကြတယ်။
သားက “ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား”
ဖေဖေက “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာ
အဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာ
ဂရုစိုက်လိုက်ရင်ပြီးရော မလား” ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။
ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။ ချွေးမက ကြည့်လို့မရတာနဲ့ “အဖေ
ကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား” အဖေက “ဖယ်လို့ရရင်
အခုထိရှိနေအုန်းမလား” ချွေးမက မကျေနပ်
သူလဲနေတာလဲအကြိမ်ကြိမ်ရှိပြီလေ။တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကို
ချွေးမခြံထဲယူသွားပြီး ရေကို ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာ
လောင်းလိုက်တယ်။ အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ်။
တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူး
အပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ။ ဒါနဲ့ ချွေးမ ကျောက်တုံးကြီးကို
အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်။
================================================
ဒီပုံပြင်ပြောပြချင်တာကတော့ သင်ဆုံးဖြတ်ချက်ချနိုင်ရင်
သင်လုပ်နိုင်မယ်ဆိုတာပါပဲ သင်သာလျှင်သင့်ရဲ့ ပဲ့ကိုင်ရှင်ပါ။

Slide Photos

Picture 1
Picture2
 Picture 3
Picture 4
Picture 5
 Picture 6

Featured Post

OSPF အပိုင်း(၂)

OSPF ဘယ်လို အလုပ်လုပ်လဲ? Step 1           ပထမဆုံးသူ hello packet ကိုပို့ပြီး Neighbor ရှာမယ်။ Neighbor ရှာပြီးရင် Topology Table...