Wednesday, January 3, 2018

What is OS?

What is OS?

OS ဆိုတာ (အရှည်လိုပြောရင်) Operating System ပါ။ ဗမာလိုဆို ပင်မစနစ်ပေါ့။
ကျနော် ကွန်ပျူတာ Basic စတက်တုန်းက အဲ့ ပင်မစနစ်ဆိုတာကြီးကို နားမလည်ပါဘူး။
ခုတော့ စရှင်းပါတော့မယ်။

ကွန်ပျူတာမှာ အရှိမဖြစ်လိုအပ်တဲ့ Hardware ပစ္စည်းတွေရှိပါတယ်။
ဥပမာ ။       ။ Motherboard, CPU, Memory နဲ့ Storage ပစ္စည်းတွေပေါ့
အဲ့ ပစ္စည်းတွေကို စနစ်တကျ တက်ဆင်ပြီးရုံနဲ့ ကွန်ပျူတာဟာ သူ့ဘာသာသူ Auto ပွင့်လာလား..?
အလုပ်လုပ်နိုင်ပီလားဆို မလုပ်နိုင်သေးပါဘူး..။ စက်ပစ္စည်းတွေ တစ်ခုနဲ့ တစ်ခု ထိထားရုံနဲ့ အလုပ်တွေ Auto ထလုပ်ကြေးဆို .. :D .. ။ ထားပါတော့ .. ပစ္စည်းတွေကို တပ်ဆင်ထားရုံနဲ့တော့ အလုပ်မလုပ်နိုင်ပါဘူး.။
အဲ့တော့ သူတို့ အချင်းချင်းနားလည်အောင်၊ အပြန်အလှန် အလုပ်တွေ လုပ်နိုင်အောင် ကျနော်တို့က အဲ့ ကွန်ပျူတာမှာ OS ဆိုတဲ့ Software ကြီးကို ထည့်ပေးရပါတယ်။ တနည်းအားဖြင့် မတူညီတဲ့ Hardware တွေ အပြန်အလှန် သိနားလည်အောင် ထည့်ပေးလိုက်တာပါ။ အဲ့လို အပြန်အလှန်သိနားလည်ဖို့ အရင်ဆုံးထည့်ပေးရတဲ့ OS ဆိုတဲ့ ဆော့ဝဲ ကြီးမှာ Hardware တွေကို သိအောင် လုပ်ပေးရတဲ့ Hardware ပစ္စည်းတော်တော်များများရဲ့ Driver Module တွေ... Kernel လို့ခေါ်တဲ့ Code အစုအဝေးကြီးတွေပါဝင်ပြီး..
လူက စက်ကိုခိုင်းရင် Driver Module တွေကတဆင့် Kernel ကို သတင်းပို့ Kernel ကတဆင့် စက်ကိုနားလည်အောင် ပြန်ခိုင်းပေးရပါတယ်။
စက်က အလုပ်လုပ်ပေးလို့ ရတဲ့ Result ကို လူစီ Output  ပြန်ပြဖို့ Kernel ကတဆင့် Driver Module တွေကတစ်ဆင့် UI တစ်ခုနဲ့ ပြန်ပြပေးပါတယ်။ UI ဆိုတာကတော့ User Interface ပါ။ လူတွေနားလည်အောင် ပြန်ပြပေးရတဲ့ မြင်ကွင်းကို ဆိုလိုပါတယ်။ UI လည်း ၂ မျိုးရှိပါတယ်။
GUI နဲ့ CLI ပါ။ GUI (Graphic User Interface) နဲ့ CLI (Command Line Interface) ပေါ့။
စာတွေပုံစုံနဲ့ လူနားလည်အောင်ပြန်ပြတာက CLI ပါ။ ပုံတွေ Frame တွေနဲ့ ပြန်ပြတာကတော့ GUI ပေါ့။

ကဲကဲ များသွားပီ...:D ။
အဲ့တော့ အနှစ်ချုပ်မှတ်ဖို့က OS ဆိုတာ အထုပ်ကြီး တစ်ထုပ်ပါပဲ။ စက်ပစ္စည်းတွေတစ်ခုနဲ့ တစ်ခု အပြန်အလှန် နားလည်ဖို့ အလုပ်တွေလုပ်နိုင်ဖို့ စက်တွေကို လူကခိုင်းလို့ရဖို့ ထည့်ပေးရတဲ့ Software ကြီးကို OS လို့ မှတ်ပေးထားပါဦး။ အဲ့ OS Software ကြီးထဲမှာတော့ Kernel, Driver Module တွေနဲ့ UI စသည်တို့ ပါဝင်ပါတယ်လို့မှတ်ထားနိုင်ပါတယ်။


ဆက်ပြောမှာက ..

OS ကို ဘာအတွက် သုံးကြရတာလဲ?
ဟုတ်ကဲ့..... စက်တွေကို ထိန်းချုပ်ချင်လို့ပါ။
ကျတော်တို့က ကွန်ပျူတာကို ခိုင်းချင်တယ် .. ထိန်းချုပ်ချင်တယ် ..။ အာ့ကြောင့် ကွန်ပျူတာမှာ OS ကို ထည့်ကြရတာပါ။ စက်ရုပ်တစ်ရုပ်ကို ထိန်းချင်ရင် စက်ရုပ်ထဲမှာ ထည့်ရမှာပေါ့..။
ထည့်ကြတဲ့ OS ချင်းတော့ ဘယ်တူမလဲပေါ့နော်။

စက်တိုင်း OS ထည့်လို့ရလား ဘယ်လို OS မျိုးတွေရှိလဲ..?
စက်တိုင်းတော့ဘယ်ရပါ့မလဲ.. :D ။ ဒါပေမယ့် Unit (၅) ခုနဲ့ ပြည့်စုံတဲ့ စက်တိုင်းမှာ OS ထည့်လို့ရနိုင်ပါတယ်။ အဲ့ Unit (၅) ခုက ..
1. Processing Unit
2. Memory Unit
3. Storage Unit
4. Input/Output  Unit
5. Powre Supply  Unit တို့ဖြစ်ပါတယ်..။ အဲ့ (5) မျိုးရှိတဲ့ စက်တိုင်းကို OS ထည့် ထိန်းချုပ်လို့ရပါတယ်။
 အဲ့ဒါဆိုရင် အဝေးထိန်း ဒုံးတွေ.. စက်ရုပ်တွေ... TV တွေ.... အကုန်နီးပါး ကျတော်တို့ ထိန်းနေပါပြီး။
တကယ်တော့ OS လေးတွေ ထည့်ထားလို့ပါ။ ကျနော်ခုနကပြောသလိုပဲ .။ OS ချင်းတော့ ဘယ်တူပါ့မလဲနော်။

လူသိများတဲ့ OS တွေအကြောင်းဆက်ပြောပေးပါ့မယ်။

1. Windows လူသိများတဲ့ OS တစ်ခုပါ..။ Microsoft ဆိုတဲ့ ကုမ္ပဏီက ထုတ်ပါတယ်.။
2. Linux အခု ကျနော်တို့ သုံးနေတဲ့ OS မို့သိပ်ပြောစရာမလိုတော့ပါဘူး :D ။
3. Androd (phone, Tablet နဲ့ Hand-held Computer တွေအတွက်ပေါ့။)
4. IOS (Internetwork Operating System) ဆိုတဲ့ OS ကို Cisco က ထုတ်ပါတယ်..။
5. iOS ဆိုပြီး i အသေးနဲ့ က Apple ကထုတ်တဲ့ OS ပါ။
6. စက်ရုက်တွေဘာတွေမှာသုံးတာက Embbed OS ပါ

.... တော်တော်များများကတော့ Linux ရဲ့ Kernel ကို ယူသုံးသွားကြတာများပါတယ်.. :D

ကဲဗျာ နောက်နေ့မှ OS က ဘယ် Hardware တွေကို ဘယ်လို Manage လုပ်လဲဆိုတာ ဆက်ရေးပေးပါ့မယ်။

ကျတော်တစ်ခု ပြောချင်တာက ပညာရပ်တစ်ခုကို အသေကိုင်ပြီး မှတ်မထားပါနဲ့လို့ပါ..။
ဥပမာ . " dog " ဆိုတာ " ခွေး "  လို့အသေမှတ်ထားတာမျိုးပေါ့။ နည်းပညာက ပိုဆိုးပါတယ်။
အချိန်နဲ့အမျှကို အသစ်အသစ်တွေကတော့ လာနေမှာပဲ။ တစ်စုံတစ်ယောက်ပြောတာ.. တစ်ခုခုက ဖတ်မိတာလေးလောက်ကို တစ်ဘ၀လုံးအသေ မှတ်ထားရင် အဆင်မပြေပါဘူး။ ကိုယ်တိုင်လည်းလေ့လာနေမှရပါမယ်။
နိုင်ပါတယ်ဆိုတဲ့ ဘောပင်လေး တစ်ချောင်းပဲ လက်ထဲမှာ ၁ နာရီလောက်ကိုင်ထားပီး လက်ဆန့်ကြည့် :D
ပင်ပန်းပါတယ်ဗျာ။ ကျတော်ပြောချင်တာက ဒီနေ့ကျနော်ချ ပြသွားတာတွေဟာ အကုန် အမှန်တွေ... ရပီ လို့ထင်ပြီး ကိုယ်တိုင် ထပ်မရှာ အလေ့လာတော့မှာ ဆိုးလို့ပါ။ 
မသိသေးသူတွေအတွက် လမ်းစတစ်ခုခုရသွားရင် ကျေနပ်ပါပြီ.။
အကုန် Detail ပြောပြဖို့က စာနဲ့ရေးတာဆိုတော့ အဆင်မပြေတော့
Internet ပေါ်မှာ ထပ်လေ့လာနိုင်မယ့် လမ်းစရရင် ကျနော် ရေးရကျိုးနပ်ပါပြီ။

ကျနော်ဆက်ရေးပေးမယ့် အကြောင်းအရာတွေက ...

How does work OS      - Manage by Processor      - Manage by RAM      - Manage by Storage      - Manage by User Interface      - Manage by I/O

ပြီးမှ Linux အကြောင်းဆက်ကြတာပေါ့ :D


တစ်ခုခုရပါစေ........
                    ရှားသူ





0 comments:

Post a Comment

Featured Post

OSPF အပိုင်း(၂)

OSPF ဘယ်လို အလုပ်လုပ်လဲ? Step 1           ပထမဆုံးသူ hello packet ကိုပို့ပြီး Neighbor ရှာမယ်။ Neighbor ရှာပြီးရင် Topology Table...