Wednesday, November 29, 2017

ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်

ပျော်ရွှင်ခြင်းရဲ့လျှို့ဝှက်ချက်
 
၁။ ရည်မှန်းချက်တစ်ခုရှိရမယ်။
၂။ အမြဲပြုံးပါ။
၃။ ပျော်ရွှင်မှုကိုဝေမျှတဲ့အကျင့်လုပ်ပါ။
၎။ တစ်ခါတစ်ခါ အွန်းလိုင်းပေါ်တက်ပြီး comment လေးတွေပေးကြည့်ပါလား။
၅။ ကိုယ့်ရဲ့ ဖြူစင်တဲ့စိတ်လေးကို မပျောက်သွားအောင် သတိထားပါ။
၆။ လူတိုင်းနဲ့ပျော်ရွှင်စွာဆက်ဆံပေါင်းသင်းပါ။
၇။ humor ဖြစ်နေပါစေ။
၈။ ပြာလောင်မခက်ပါစေနဲ့။
၉။ ခွင့်လွတ်တတ်တဲ့ သူဖြစ်အောင်လုပ်ပါ။
၁၀။ ရင်းနှီးတဲ့သူငယ်ချင်းရှိပါစေ။
၁၁။ တခြားသူနဲ့ ပူးပေါင်းလုပ်ဆောင်လိုက်ရတာကို ကျေနပ်အောင်လုပ်ပါ။
၁၂။ ကိုယ်လုပ်ချင်တာလေးလုပ်ပြီးရင် ပြန်တွေးပြီး ကျေနပ်နေပါစေ။
၁၃။ ယုံကြည်ချက်ရှိပါစေ။
၁၄။ အားနည်းသူကိုလေးစားပါ မလောင်ရယ်ပါနဲ့။
၁၅။ တခါတခါ ကိုယ့်ကိုကိုယ် စိတ်လွတ်ကိုယ်လွတ်နေပါ။
၁၆။ လောဘအတ္တ မကြီးပါနဲ့ ။ ရောင့်ရဲပါ။
၁၇။ အရာရာတိုင်းကို အကောင်းဘက်ကနေတွေးပေးပါ။
၁၈။ ကလေးတွေလို ဆော့ကစားကြည့်ပါ။

ကျွန်တော့ ဆန္ဒ

ကျွန်တော့ ဆန္ဒ
I told Buddha: Let all my friends be healthy and happy forever...!
ကျွန်ုပ်း အရှင်ဘုရား တပည့်တော်၏ သူငယ်ချင်းများအားလုံး ထာဝရ ကျန်းမာပျော်ရွှင်နိုင်ကြပါစေ

Buddha said: But for 4 days only....!
ဗုဒ္ဓး လေးရက်သာဖြစ်နိုင်မယ်

I said: Yes, let them be a Spring Day, Summer Day, Autumn Day, and Winter Day.
ကျွန်ုပ်း ရပါတယ်အရှင်ဘုရား နွေဦးရက်များ နွေရက်များ ဆောင်းဦးရက်များ ဆောင်းတွင်းရက်များ ဖြစ်ရင်ရပါပြီ

Buddha said: 3 days.
ဗုဒ္ဓး ၃ရက်ပဲရမယ်

I said: Yes, Yesterday, Today and Tomorrow.
ကျွန်ုပ်း တင်ပါ အရှင်ဘုရား။ မနေ့က ဒီနေ့ နက်ဖြန်တိုင်းဖြစ်ရပါလို၏

Buddha said: No, 2 days!
ဗုဒ္ဓ : မရဘူး။ ၂ရက်ပဲရွေး

I said: Yes, a Bright Day (Daytime) and Dark Day (Night-time) .
ကျွန်ုပ်း ရပါတယ်ဘုရား။ မနက်အလင်းရောင်ရတဲ့နေ့တွေနဲ့ ညဖက်အလင်းရောင်ကောင်းကောင်း မရတဲ့နေ့တွေဖြစ်ရင်ရပါတယ်

Buddha said: No, just 1 day!
ဗုဒ္ဓး မရဘူး။ ၁ခု ပဲဖြစ်နိုင်မယ်

I said: Yes!
ကျွန်ုပ် : တင်ပါဘုရား

Buddha asked: Which day?
ဗုဒ္ဓး ဘယ်နေ့လိုချင်လဲ၊

I said: Every Day in the living years of all my friends!
ကျွန်ုပ်း တပည့်တော်၏ သူငယ်ချင်းများအားလုံး အသက်ရှင်နေသော နေ့တိုင်း ပါဘုရား

Buddha laughed, and said: All your friends will be healthy and happy Every Day!
ဗုဒ္ဓက ရယ်လျက် ပြောပါတယ်း သင်၏ သူငယ်ချင်းအားလုံး နေ့တိုင်း ကျန်းမာပျော်ရွှင်နိုင်ပါလိမ့်မည်။


       !!......... Things impossible are challenges  for you .... !!

ရေညှိပင်နဲ့ ဝါးပင်

ရေညှိပင်နဲ့ ဝါးပင်


တနေ့မှာလူတစ်ယောက်ဟာ ဘဝကိုစိတ်ကုန်လာလို့ အားလုံးကို အရှုံးပေးဖို့ ဆုံးဖြတ်လိုက်တယ်။
ဘဝကို အရှုံးပေးလိုက်မယ်၊ အလုပ်ကို အရှုံးပေးလိုက်မယ်၊ မိသားစုဘဝကို လက်လျှော့လိုက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့တောထဲကို ထွက်လာခဲ့တယ်။
တောထဲရောက်တော့ နောက်ဆုံး ဘာမှဆက်မလုပ်ရသေးခင် ဘုရားသခင်နဲ့ စကားပြောဖို့ သူ ဆုံးဖြတ်လိုက်တယ်။
ဘုရားသခင်နဲ့တွေ့တော့ သူကပြောတယ် “ဘုရားသခင်ခင်ဗျား ကျွန်တော်ဘဝကို အရှုံးပေးတော့မယ်။ ကျွန်တော် အရှုံးပေးသင့်တယ်လို့ပဲ ကျွန်တော် ထင်တယ်။
အရှုံးမပေးသင့်ကြောင်း သက်သေတစ်ခုတောင် ဘုရားသခင် ကျွန်တော့်ကို ပေးစရာမရှိဘူး မဟုတ်လား…” လို့ မေးလိုက်တယ်။
ဒါနဲ့ဘုရားက ပြန်မေးတယ် “အသင့်အနားမှာ ရေညှိပင်တစ်ပင်နဲ့ ဝါးပင်တစ်ပင် တွေ့သလား” တဲ့။
သူကတွေ့ကြောင်း ပြောတဲ့အခါမှာ ဘုရားက “အိုလူသား။ အဲဒီရေညှိပင်နဲ့ ဝါးပင်ကို စပျိုးတုန်းက အတူတူပဲ။အစေ့နှစ်မျိုးကိုညီမျှတဲ့ရေလောင်းပြုစုမှုပေးတယ်။တူညီတဲ့ မြေသြဇာနဲ့ နေရောင်ခြည်ကို ပေးတယ်။ သိပ်မကြာခင်မှာရေညှိပင်လေးပေါက်လာတယ်။ မြေပေါ်မှာပေါက်လာပြီးေ မြပြင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတယ်။
ဝါးစေ့လေးကတော့ ဘာမှ ဖြစ်မလာပါဘူး။ ဒါပေမယ့် ငါ သူ့အပေါ်မှာ စွန့်လွှတ် အရှုံးမပေး ခဲ့ပါဘူး။ ဆက်ပြီး ရေလောင်း ခဲ့ပါတယ်။
တစ်နှစ်လောက် ကြာတဲ့အခါမှာ ရေညှိပင်လေးတွေက နဂိုကထက် ပိုပြီး ပြန့်ပွား လာပါတယ်။ ဝါးစေ့လေး စိုက်ထားတဲ့ နေရာမှာတော့ ဘာမှ ဖြစ်မလာသေးပါဘူး။
၂ နှစ်မြောက်၊ ၃ နှစ်မြောက်၊ ၄နှစ်မြောက်တွေမှာလဲ ဘာထူးခြားမှုမှ မရှိခဲ့ပါဘူး။ ဒါပေမယ့် သူ့အပေါ်မှာ လက်လျှော့လိုက်ခြင်း မရှိဘဲ ဆက်ပြီး ရေလောင်း ပေးခဲ့ပါတယ်။ ၅နှစ်မြောက် မှာတော့ ဝါးပင်ညှောင့်လေး စထွက် လာပါတယ်။ ဒီလို စထွက်လာပြီး ၆လ အတွင်းမှာပဲ ပေ၁ဝဝ ကျော် အပင်ကြီး ဖြစ်သွား ပါတော့တယ်။
ဝါးပင်ဟာ ဒီလို အချိန်တို အတွင်းမှာ ဒီလောက် အမြင့်ကြီးတက်နိုင်ဖို့ ၅ နှစ်ကြာ အမြစ်တွယ်ယူ ခဲ့ရတယ်လေ။
ငါဘုရားလည်း လူသားတွေကို မသယ်နိုင်တဲ့ဝန်၊ မလုပ်နိုင်တဲ့ အရာ ချမပေးပါဘူး။ သူ့နေရာနဲ့ သူဖြစ်လာဖို့ အရည်အချင်းတွေ ပေးထားတယ်လေ။
ဝါးပင်လေး အပေါ်မှာ လက်မလျှော့သလို အသင့် အပေါ်မှာလည်း ငါဘယ်တော့မှ လက်လျှော့မှာ မဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကို သူများနဲ့ ဘယ်တော့မှ မနှိုင်းယှဉ်ပါနဲ့။ ရေညှိပင်ဟာ ရေညှိပင် နေရာမှာနေပြီး သစ်တောကို စိမ်းလန်း စေသလို၊ ဝါးပင်ဟာ
ဝါးပင်နေရာမှာ နေပြီး သစ်တောကို လှပ စေပါတယ်။
သင့်အလှည့် လာမှာပါ။ သင်အမြင့်ကို တက်ဖို့ အခု အမြစ်တွယ်ဖို့ အချိန် ပေးထားတာပါ လို့ ပြန်ဖြေသတဲ့။
ဒီအခါမှာ ဘုရားက “ဝါးပင်လေးဟာ ဘယ်လောက် မြင့်မြင့် တက်မှာလဲ” လို့ ပြန်မေးပါတယ်။
လူကလည်း “သူတက်နိုင်သလောက်တက်မှာပါ” လို့ ပြန်ဖြေတော့
ဘုရားက “အေး အဲဒီလိုပဲပေါ့ အသင်လည်း တက်နိုင်သလောက် အဆုံးအထိ တက်လို့ ရတယ်။ ကြိုးစားပြီး တက်ပေတော့” လို့ ပြန်ပြော လိုက်ပါတယ်။

                              တစ်ခုခုရရှိပါစေ..!
                                                         ရှားသူ

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း


"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို
အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ
မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း
အပြောခံနေရတယ်။

ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့
ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့
အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ်
စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"

နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။

ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။
ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက်
အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ
ဖြစ်ရမယ်"
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။
လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့
ပြန်ပြောသွားတယ်။

ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့
ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့
လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ
ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့
အားပေးစကားက မပြောင်းလဲခဲ့ဘူး။
"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး
တွေးတတ်ခေါ်တတ်လာတာပဲ"

တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။
အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော်
ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို
နှစ်ခါပဲ မြင်ဖူးသေးတာ။

အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက်
အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော
အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို
လှမ်းပြောလိုက်တယ်။
"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။
အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း
ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့
ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက
"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက်
နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က
အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း
မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့်
ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှဖြစ်မယ်။"

မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး
ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့
ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက
မင်းရဲ့ ပုခုံးတွေပဲ"

"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"
"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ်
ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ် သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့်
သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်"

သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။ သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

                                             တစ်ခုခုရရှိပါစေ..!                                                              
                                                                ရှားသူ

စကား

စကား


စကားကြီး (၁၁) ခွန်း
၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း
၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း
၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော
စကားမျိုးပြောဆိုခြင်း
၎။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း
၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့
ပြောဆိုခြင်း
၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို
ပြောဆိုခြင်း
၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို
နောက်မှပြောဆိုခြင်း
၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း
၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း
၁၀။ ရေသာသဲတင်ပြောဆိုခြင်း ~ အရှုံးဖြင့်ပြောဆိုခြင်း
၁၁။ ခက်တင်မောင်းနင်းပြောဆိုခြင်း ~ မတင်မကျနှင့် ရှေ့မရောက် နောက်မထိုင်
ပြောဆိုခြင်း


စကားများခြင်း၏ အပြစ် (၅) ပါး
၁။ မဟုတ်မမှန်သောစကားကို ပြောမိတတ်၏။
၂။ ကုန်းတိုက်စကားကို ပြောမိတတ်၏။
၃။ ကြမ်းတမ်းသောစကားကို ပြောမိတတ်၏။
၎။ အနှစ်မဲ့သောစကားကို ပြောမိတတ်၏။
၅။ သေလွန်သောအခါ အပါယ်သို့ကျ၏။

စကားအရာ အင်္ဂါ (၁၀) ပါး
၁။ ကာလဝါဒီ ~ ပြောချိန်ပြောခွင့်သင့်မှ ပြောဆိုခြင်း
၂။ ဘူတဝါဒီ ~ ဟုတ်မှန်သော စကားကိုသာ ပြောဆိုခြင်း
၃။ ဓမ္မဝါဒီ ~ တရားနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၎။ အတ္တဝါဒီ ~ အကျိုးနှင့် စပ်သည်ကိုသာ ပြောဆိုခြင်း
၅။ ပိယဝါဒီ ~ ချစ်ဖွယ်သောစကားကိုသာ ပြောဆိုခြင်း
၆။ မိဟိတပုဗ္ဗဘာဏီ ~ ပြုံးရွှင်ခြင်းကိုသာ ရှေးဦးပြ၍ ပြောဆိုခြင်း
၇။ မိတာဘာဏီ ~ မပိုမလွန် ချင့်ချိန်၍ ပြောဆိုခြင်း
၈။ အတုရိတဝါဒီ ~ အဆောတလျင် မပြောဆိုခြင်း
၉။ ပေါရီ ~ ဓလေ့ထုံးစံကိုလိုက်၍ ပြောဆိုခြင်း
၁၀။ ဝိသဒဝါဒီ ~ သန့်ရှင်းသေချာ ဋ္ဌာန်ကရိုဏ်းကျအောင် ပြောဆိုနိုင်ခြင်း

စကား ၆ ခွန်း လူ၌ထွန်း၊ ၄ ခွန်းကိုပယ် ၂ ခွန်းတည်
၁။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကလည်းမနှစ်သက်သော မုသာဝါဒစကားများ
၂။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော ပိသုဏဝါစာစကားများ
၃။ မှန်လည်းမှန်၏၊ အကျိုးလည်းမရှိ၊ သူတစ်ပါးလည်းမနှစ်သက်သော ဖရုသဝါစာစကားများ
၎။ မှန်လည်းမမှန်၊ အကျိုးလည်းမရှိ၊ သူတစ်ပါးကနှစ်သက်သော သမ္ဖပ္ပလာပဝါစာစကားများ
၅။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးလည်းနှစ်သက်သော သမ္မာဝါစာစကားများ
၆။ မှန်လည်းမှန်၏၊ အကျိုးလည်းရှိ၏၊ သူတစ်ပါးတော့မနှစ်သက်သော သမ္မာဝါစာစကားများ

Anniversary Gifts (နှစ်အလိုက် ရတုများ)

Anniversary Gifts (နှစ်အလိုက် ရတုများ)


နှစ်အလိုက် ရတုများကို ဖော်ပြပေးလိုက်ပါတယ်... သိသူတွေရော... မသိသေးသူတွေအတွက်ပါ။

1st      =       Paper
2nd      =      Cotton
3rd      =       Leather
4th      =       Fruit
5th      =       Wood
6th      =       Candy
7th      =       Wool
8th      =       Bronze
9th      =       Pottery
10th     =       Aluminum
11th     =       Steel
12th     =       Silk
13th     =       Lace
14th     =       Ivory
15th     =       Crystal
16th     =       Wax
17th     =       Shell
18th     =       Feather
19th     =       Chili (U.S > Chili Pepper)
20th     =       China
25th     =       Silver
30th     =       Pearl
35th     =       Coral or Jade
40th     =       Ruby
45th     =       Sapphire
50th     =       Gold
55th     =       Emerald
60th     =       Diamond
100th   =       Platinum

                                                                           တခုခုရရှိပါစေ...
                                                                                   ရှားသူ

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၃)

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၃)


အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း
နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင်
ခွန်အားမရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။
သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့
မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင်
သူ့သားဆီ စာတစ်စောင် ရေးလိုက်တယ်။
"ချစ်သား အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ
ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့
ကိုယ့်ကိုယ်ကို နာကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင်
ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ
မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ
သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ
ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင်
အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။
ချစ်တဲ့အဖေ"
များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။
"ဟာ ... အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။
သားအဲဒီအောက်မှာ သေနတ်တွေ မြှုပ်ထားတာ။
နံနက် ၄ နာရီ "
နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။
စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။
ဒါပေမယ့် ဘာ သေနတ်မှ မတွေ့လို့ ပြန်သွားလေရဲ့။ အင်မတန် ခေါင်းရှုပ်သွားတဲ့
အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။
ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။
သားလုပ်သူ စာပြန်လိုက်တာက
"အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ
သားအတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။"

 xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အရင်တစ်ခါက
သူများကို ကူညီပေမယ့် မကောင်းပြောခံရတဲ့ အကြောင်း ရေးဖူးပါတယ်။ အခု
ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့
ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့
စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့
သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန်
အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော်
သိလိုက်ရတာ တစ်ခုက ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာပဲ
ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ်
ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ
ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ
ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင်
နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၂)

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၂)
 

ဟောပြောပွဲတစ်ခုမှာ ဟောပြောသူတစ်ဦးကလက်ထဲမှာ ဒေါ်လာ ၂၀ ကို ထောင်ပြပြီး
ပရိသတ် ၂၀၀ ကို “ ဒီ ဒေါ်လာ ၂၀ ကိုဘယ်သူလိုချင်လဲ” လူအတော်များများ
လိုချင်ကြောင်း လက်ထောင်ကြတယ်။ သူ ဒေါ်လာ ၂၀ ကို လုံးချေလိုက်ပြီး
“ဘယ်သူယူမလဲ” လို့ထပ်မေးပြန်တယ်။ လက်ထောင်တဲ့သူကတော့ ရှိနေသေးတာပဲ။
“ဒါဆို ဒီလိုလုပ်လိုက်ရင်ကော” သူ ဒေါ်လာ ၂၀ကိုအောက်ပစ်ချလိုက်ပြီး
ခြေထောက်နဲ့ နင်းချေလိုက်တယ်။ ဒေါ်လာ ၂၀ တွန့်ကြေပြီး ညစ်ပတ်သွားတယ်။ “ကယ်
ဘယ်သူယူအုံးမလဲ” လက်ထောင်ကြသေးတယ်။ “သူငယ်ချင်းမိတ်ဆွေတို့
အရမ်းအနှစ်သာရရှိတဲ့အကြောင်းကိုပြောသွားတာ သိလိုက်ကြလား။ ဘယ်လိုလုပ်လုပ်
ဒေါ်လာ ၂၀ က ဒေါ်လာ ၂၀ ပဲ။ အားလုံးလိုချင်နေတာပါပဲ။
တန်ဖိုးမလျော့သွားပါဘူး။
လူ့ဘ၀ခရီးလမ်းမှာလဲ ကိုယ့်ရဲ့လုပ်ဆောင်ချက်ကြောင့် ဒါမှမဟုတ်
ဆုံးဖြတ်ချက်တစ်ခုကြောင့် မှားယွင်းတာကို ကိုယ့်ဘာသာကို
လုံးဝအသုံးမကျဘူးလို့ ယူဆကြတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် သင်ကသင်ပါပဲ။
ညစ်ပတ်နေတဲ့ အ၀တ်တွေကိုဝတ်ထားပါစေ။အားလုံးဟာ
အဖိုးမဖြတ်နိုင်တဲ့သူတွေပါပဲ။

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၁)

ကျွန်တော်ကြိုက်ခဲ့မိသော ပုံပြင်များ (၁)

တစ်ခါတုန်းက အိမ်တစ်အိမ်မှာ အပင်တွေစိုက်ထားတဲ့ခြံထဲမှာ
ကျောက်တုံးကြီးတစ်တုံးရှိတယ် အကျယ်အားဖြင့်ဆိုရင်တော့ ၄၀ လက်မ
အမြင့်ကတော့ ၁၀ လက်မပေါ့။ ခြံကိုလာတဲ့သူအားလုံး
ကျောက်တုံးကြီးကိုခလုတ်တိုက်ကြတယ်။
သားက “ဖေဖေ အဲဒီ ကျောက်တုံးကြီးကို ဖယ်လိုက်ရအောင်လား”
ဖေဖေက “ကျောက်တုံးကြီးကိုလား အဖိုးခေတ်ကတည်းက ဒီမှာထားထားတာ
အဲလောက်ကြီးတာ ဘယ်အချိန်ထိတူးနေရအုန်းမလဲ လမ်းလျှောက်တာ
ဂရုစိုက်လိုက်ရင်ပြီးရော မလား” ဒီလိုနဲ့ သားက အဖေဖြစ်ချိန်ရောက်သွားတယ်။
ကျောက်တုံးကြီးကတော့ နေရာဟောင်းမှာပဲ။ ချွေးမက ကြည့်လို့မရတာနဲ့ “အဖေ
ကျောက်တုံးကြီးကို လူခေါ်ပြီးဖယ်လိုက်ရအောင်လား” အဖေက “ဖယ်လို့ရရင်
အခုထိရှိနေအုန်းမလား” ချွေးမက မကျေနပ်
သူလဲနေတာလဲအကြိမ်ကြိမ်ရှိပြီလေ။တစ်မနက်မှာ ရေတစ်ဗုံးနဲ့ ပေါက်တူးကို
ချွေးမခြံထဲယူသွားပြီး ရေကို ကျောက်တုံးကြီးရဲ့ ပတ်ပတ်လည်မှာ
လောင်းလိုက်တယ်။ အနည်းငယ်ကြာတော့ ပေါက်တူးနဲ့ မြေကိုဆွလိုက်တယ်။
တူးထုတ်လိုက်တဲ့အချိန်မှာ တစ်နေကုန်မယ်ထင်ပေမဲ့ ထင်ထားသလောက် မကြီးဘူး
အပေါ်ယံ နဲ့ လူကိုလှည့်စားနေတာ။ ဒါနဲ့ ချွေးမ ကျောက်တုံးကြီးကို
အောင်မြင်စွာ ဖယ်ရှားနိုင်ခဲ့တယ်။
================================================
ဒီပုံပြင်ပြောပြချင်တာကတော့ သင်ဆုံးဖြတ်ချက်ချနိုင်ရင်
သင်လုပ်နိုင်မယ်ဆိုတာပါပဲ သင်သာလျှင်သင့်ရဲ့ ပဲ့ကိုင်ရှင်ပါ။

Slide Photos

Picture 1
Picture2
 Picture 3
Picture 4
Picture 5
 Picture 6

Wednesday, October 25, 2017

Cisco Certified Network Associate (200-125)



Cisco Certified Network Associate (200-125)

Exam Description: The Cisco Certified Network Associate (CCNA) Routing and Switching composite exam (200-125) is a 90-minute, 50–60 question assessment that is associated with the CCNA Routing and Switching certification. This exam tests a candidate's knowledge and skills related to network fundamentals, LAN switching technologies, IPv4 and IPv6 routing technologies, WAN technologies, infrastructure services, infrastructure security, and infrastructure management. The following topics are general guidelines for the content likely to be included on the exam. However, other related topics may also appear on any specific delivery of the exam. In order to better reflect the contents of the exam and for clarity purposes, the guidelines below may change at any time without notice.

15%     1.0       Network Fundamentals
21%     2.0       LAN Switching Technologies
23%     3.0       Routing Technologies
10%     4.0       WAN Technologies
10%     5.0       Infrastructure Services
11%     6.0       Infrastructure Security
10%     7.0       Infrastructure Management

15% 1.0 Network Fundamentals
1.1 Compare and contrast OSI and TCP/IP models
1.2 Compare and contrast TCP and UDP protocols
1.3 Describe the impact of infrastructure components in an enterprise network
1.3.a Firewalls
1.3.b Access points
1.3.c Wireless controllers
1.4 Describe the effects of cloud resources on enterprise network architecture
1.4.a Traffic path to internal and external cloud services
1.4.b Virtual services
1.4.c Basic virtual network infrastructure
1.5 Compare and contrast collapsed core and three-tier architectures
1.6 Compare and contrast network topologies
1.6                          .a Star
1.6                          .b Mesh
1.6                          .c Hybrid
1.7 Select the appropriate cabling type based on implementation requirements
1.8 Apply troubleshooting methodologies to resolve problems
1.8.a Perform and document fault isolation
1.8.b Resolve or escalate
1.8.c Verify and monitor resolution
1.9 Configure, verify, and troubleshoot IPv4 addressing and subnetting
1.10 Compare and contrast IPv4 address types
1.10                        .a Unicast
1.10                        .b Broadcast
1.10                        .c Multicast
1.11 Describe the need for private IPv4 addressing
1.12 Identify the appropriate IPv6 addressing scheme to satisfy addressing requirements in a
LAN/WAN environment
1.13 Configure, verify, and troubleshoot IPv6 addressing
1.14 Configure and verify IPv6 Stateless Address Auto Configuration
1.15 Compare and contrast IPv6 address types
1.15.a Global unicast
1.15.b Unique local
1.15.c Link local
1.15.d Multicast
1.15.e Modified EUI 64
1.15.f Autoconfiguration
1.15.g Anycast

21% 2.0 LAN Switching Technologies
2.1 Describe and verify switching concepts
2.1.a MAC learning and aging
2.1.b Frame switching
2.1.c Frame flooding
2.1.d MAC address table
2.2 Interpret Ethernet frame format
2.3 Troubleshoot interface and cable issues (collisions, errors, duplex, speed)
2.4 Configure, verify, and troubleshoot VLANs (normal/extended range) spanning multiple
switches
2.4.a Access ports (data and voice)
2.4.b Default VLAN
2.5 Configure, verify, and troubleshoot interswitch connectivity
2.5.a Trunk ports
2.5.b Add and remove VLANs on a trunk
2.5.c DTP, VTP (v1&v2), and 802.1Q
2.5.d Native VLAN
2.6 Configure, verify, and troubleshoot STP protocols
2.6.a STP mode (PVST+ and RPVST+)
2.6.b STP root bridge selection
2.7 Configure, verify and troubleshoot STP related optional features
2.7.a PortFast
2.7.b BPDU guard
2.8 Configure and verify Layer 2 protocols
2.8.a Cisco Discovery Protocol
2.8.b LLDP
2.9 Configure, verify, and troubleshoot (Layer 2/Layer 3) EtherChannel
2.9.a Static
2.9.b PAGP
2.9.c LACP
2.10 Describe the benefits of switch stacking and chassis aggregation

23% 3.0 Routing Technologies
3.1 Describe the routing concepts
3.1.a Packet handling along the path through a network
3.1.b Forwarding decision based on route lookup
3.1.c Frame rewrite
3.2 Interpret the components of a routing table
3.2.a Prefix
3.2.b Network mask
3.2.c Next hop
3.2.d Routing protocol code
3.2.e Administrative distance
3.2.f Metric
3.2.g Gateway of last resort
3.3 Describe how a routing table is populated by different routing information sources
3.3.a Admin distance
3.4 Configure, verify, and troubleshoot inter-VLAN routing
3.4.a Router on a stick
3.4.b SVI
3.5 Compare and contrast static routing and dynamic routing
3.6 Compare and contrast distance vector and link state routing protocols
3.7 Compare and contrast interior and exterior routing protocols
3.8 Configure, verify, and troubleshoot IPv4 and IPv6 static routing
3.8.a Default route
3.8.b Network route
3.8.c Host route
3.8.d Floating static
3.9 Configure, verify, and troubleshoot single area and multi-area OSPFv2 for IPv4
(excluding authentication, filtering, manual summarization, redistribution, stub, virtuallink, and LSAs)
3.10 Configure, verify, and troubleshoot single area and multi-area OSPFv3 for IPv6
(excluding authentication, filtering, manual summarization, redistribution, stub, virtuallink, and LSAs)
3.11 Configure, verify, and troubleshoot EIGRP for IPv4 (excluding authentication, filtering,
manual summarization, redistribution, stub)
3.12 Configure, verify, and troubleshoot EIGRP for IPv6 (excluding authentication, filtering,
manual summarization, redistribution, stub)
3.13 Configure, verify, and troubleshoot RIPv2 for IPv4 (excluding authentication, filtering,
manual summarization, redistribution)
3.14 Troubleshoot basic Layer 3 end-to-end connectivity issues

10% 4.0 WAN Technologies
4.1 Configure and verify PPP and MLPPP on WAN interfaces using local authentication
4.2 Configure, verify, and troubleshoot PPPoE client-side interfaces using local
authentication
4.3 Configure, verify, and troubleshoot GRE tunnel connectivity
4.4 Describe WAN topology options
4.4.a Point-to-point
4.4.b Hub and spoke
4.4.c Full mesh
4.4.d Single vs dual-homed
4.5 Describe WAN access connectivity options
4.5.a MPLS
4.5.b Metro Ethernet
4.5.c Broadband PPPoE
4.5.d Internet VPN (DMVPN, site-to-site VPN, client VPN)
4.6 Configure and verify single-homed branch connectivity using eBGP IPv4 (limited to
peering and route advertisement using Network command only)
4.7 Describe basic QoS concepts
4.7.a Marking
4.7.b Device trust
4.7.c Prioritization
4.7.c. (i) Voice
4.7.c. (ii) Video
4.7.c. (iii) Data
4.7.d Shaping
4.7.e Policing
4.7.f Congestion management

10% 5.0 Infrastructure Services
5.1 Describe DNS lookup operation
5.2 Troubleshoot client connectivity issues involving DNS
5.3 Configure and verify DHCP on a router (excluding static reservations)
5.3.a Server
5.3.b Relay
5.3.c Client
5.3.d TFTP, DNS, and gateway options
5.4 Troubleshoot client- and router-based DHCP connectivity issues
5.5 Configure, verify, and troubleshoot basic HSRP
5.5.a Priority
5.5.b Preemption
5.5.c Version
5.6 Configure, verify, and troubleshoot inside source NAT
5.6.a Static
5.6.b Pool
5.6.c PAT
5.7 Configure and verify NTP operating in a client/server mode

11% 6.0 Infrastructure Security
6.1 Configure, verify, and troubleshoot port security
6.1.a Static
6.1.b Dynamic
6.1.c Sticky
6.1.d Max MAC addresses
6.1.e Violation actions
6.1.f Err-disable recovery
6.2 Describe common access layer threat mitigation techniques
6.2.a 802.1x
6.2.b DHCP snooping
6.2.c Nondefault native VLAN
6.3 Configure, verify, and troubleshoot IPv4 and IPv6 access list for traffic filtering
6.3.a Standard
6.3.b Extended
6.3.c Named
6.4 Verify ACLs using the APIC-EM Path Trace ACL Analysis tool
6.5 Configure, verify, and troubleshoot basic device hardening
6.5.a Local authentication
6.5.b Secure password
6.5.c Access to device
6.5.c. (i) Source address
6.5.c. (ii) Telnet/SSH
6.5.d Login banner
6.6 Describe device security using AAA with TACACS+ and RADIUS

10% 7.0 Infrastructure Management
7.1 Configure and verify device-monitoring protocols
7.1.a SNMPv2
7.1.b SNMPv3
7.1.c Syslog
7.2 Troubleshoot network connectivity issues using ICMP echo-based IP SLA
7.3 Configure and verify device management
7.3.a Backup and restore device configuration
7.3.b Using Cisco Discovery Protocol or LLDP for device discovery
7.3.c Licensing
7.3.d Logging
7.3.e Timezone
7.3.f Loopback
7.4 Configure and verify initial device configuration
7.5 Perform device maintenance
7.5.a Cisco IOS upgrades and recovery (SCP, FTP, TFTP, and MD5 verify)
7.5.b Password recovery and configuration register
7.5.c File system management
7.6 Use Cisco IOS tools to troubleshoot and resolve problems
7.6.a Ping and traceroute with extended option
7.6.b Terminal monitor
7.6.c Log events
7.6.d Local SPAN
7.7 Describe network programmability in enterprise network architecture
7.7.a Function of a controller
7.7.b Separation of control plane and data plane
7.7.c Northbound and southbound APIs

Sunday, October 22, 2017

10C : Methods of Success!

အောင်မြင်ရေး နည်းလမ်း ၁၀ခုကို မှတ်ရလွယ်အောင် အင်္ဂလိပ်လို စီ-ဆယ်လုံးလို့ သတ်မှတ်ပေးထားပါတယ်။

အဲဒါတွေကတော့-
၁။ Construction = တည်ဆောက်ခြင်း
၂။ Competence = အစွမ်းအစရှိခြင်း
၃။ Courage = သတ္တိရှိခြင်း
၎။ Communication = ဆက်သွယ်မှုရှိခြင်း
၅။ Charm = ဆွဲဆောင်မှုရှိခြင်း
၆။ Compassion = စာနာရိုင်းပင်းတတ်ခြင်း
၇။ Confidence = ယုံကြည်မှုရှိခြင်း
၈။ Control = ထိန်းချုပ်ခြင်း
၉။ Commitment = ကတိတည်ခြင်း
၁၀။ Contentment = ရောင့်ရဲမှုရှိခြင်း
ဒီကနေ့ ကာလ မှာတော့ အလုပ် ထဲမှာ ဖြစ်ဖြစ်၊ နေ့စဉ် ဘ၀ မှာပဲဖြစ်ဖြစ်
အောင်မြင်ချင် တယ်ဆိုရင် ဒီပညတ်ချက် ၁၀ချက်နဲ့ ပြည့်စုံအောင်လုပ်ဖို့
လိုပါတယ်။ ဒါဟာ ပုံသေနည်း တစ်ခုပါ။ ဘယ်လို ရည်မှန်းချက် ပန်းတိုင်
မျိုးကို မဆို ဒီအချက်တွေကို အသုံးချလို့်ရပါတယ်။ လုပ်ငန်းတစ်ခုကို
အစပျိုးချင်တဲ့ ရည်မှန်းချက် မျိုး အတူလက်တွဲမယ့် အဖော် တစ်ဦးရှာတဲ့
ရည်ရွယ်ချက်၊ အသက်ကြီး နေပြီဖြစ်တဲ့ မိဘ တွေကို ပြုစု စောင့်ရှောက်ရေး
လုပ်ငန်း ဒါမှ မဟုတ် ကလေးငယ် တွေကို ကြည့်ရှု့ စောင့်ရှောက် ရေးက အစ
အိုလံပစ် အားကစား ပွဲတော်မှာ ရွှေတံဆိပ် ရရှိရေး ရည်မှန်းချက် မျိုးအထိ
အသုံး တည့်ပါတယ်။
၁။ တည်ဆောင်ခြင်း
စီမံချက် တစ်ခု တည်ဆောက်ဖို့ လိုပါတယ်။ ဘယ်ကို သွားမှာလဲ၊ ဘယ်လို
ရောက်အောင် သွားမလဲ ဆိုတာ ကွက်ကွက် ကွင်းကွင်း မြင်နေ ရပါမယ်။ ဒီတော့
စီပွားရေး လုပ်ငန်း စီမံကိန်း တစ်ခု ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး ရည်မှန်းချက်
တွေ ရေးဆွဲ ရေးဟာ ပထမ အဆင့်ပါ။ သင်သွားချင် တဲ့နေရာကို ရောက်အောင်
သဘောထား တွေ ရွေးချယ်ဖို့ လိုအပ် ပါတယ်။ သင်လိုချင် တာကို မရခဲ့ရင်
သဘောထား ကို ပြင်ရပါ မယ်။ ဒါမှသာ သွားချင်တဲ့ နေရာကို ရောက်မှာပါ။
၂။ အစွမ်းအစ ရှိခြင်း
ငါတော့ ပန်းချီ ဆရာ တစ်ယောက် ဒါမှ မဟုတ် တီးဝိုင်း အဆိုတော်
တစ်ယောက်အဖြစ် ဘယ်တော့မှ မအောင်မြင်နိုင်ဘူးလို့ သံသယဖြစ်ခဲ့တယ်၊
နှစ်မျိုးလုံးမှာ အစွမ်းအစ မရှိဘူး။ လေ့ကျင့် ပေးမှုက အထောက် အကူ
ရနိုင်ပေမယ့် ဒီလို အနုပညာ လုပ်ငန်း မျိုးမှာတော့ ပါရမီ ရှိဖို့ လိုအပ်
ပါတယ်။ ဒါက ထင်ရှားပါတယ်။ ဒါပေမဲ့ နယ်ပယ် တစ်ခုမှာ ကျွမ်းကျင်မှု မရှိဘဲ
အဲဒီ နယ်ပယ်မှာ အောင်မြင်မှု ရချင်တဲ့ လူတွေလည်း တွေ့ခဲ့ဖူးပါတယ်။ အခြေခံ
ကျတဲ့ အစွမ်း အစ တွေ မရှိခဲ့ ရင်တော့ အပြင်း အထန် ကြိုးပမ်းဖို့ လိုပါ
လိမ့်မယ်။ အခက်အခဲ အနည်းဆုံး နည်းလမ်း ဟာ လျှောက်လှမ်းရ လွယ်ကူ တာပေါ့။
စီးပွားရေး လုပ်ငန်း အသစ် တစ်ခုအတွက် စီမံချက် တစ်ခု ရေးဆွဲ ရာမှာ သင်ဘာ
တော်သလဲ ဆိုတာ ချရေး ထားပါ။ ဘာကို လုပ်ရတာ ပျော်တယ် ဆိုတာ ကိုလည်း ချရေး
ထားပါ။ အဲဒီ လုပ်နည်း လေးက ဈေးကွက် ထဲမှာ သင်ဖန်တီး ရယူနိုင်တဲ့ နေရာ
တစ်နေရာကို သတ်သတ် မှတ်မှတ် လုပ်ပေး နိုင်ပါတယ်။ သင်က စားဖိုမှူး
တစ်ယောက် ဖြစ်နေရင် ပြီးတော့ ပြင်သစ် ဘာသာ စကား သင်ချင်နေတယ် ဆိုမှတော့
ပြင်သစ် နိုင်ငံသွားပြီး ပြင်သစ် အစား အစာ တွေကို အထူးပြု ချက်ပြုတ်
ပေတော့ပေါ့။
အသက်မွေး ၀မ်းကြောင်းမှု အားလုံးမှာ အဟန့် အတား တွေကတော့ ရှိစမြဲပါ။ အဲဒီ
အခက် အခဲက အစွမ်းအစ၊ လေ့ကျင့်မှုနဲ့ အရည်အချင်း ပတ်ဝန်းကျင်မှာ ပုံမှန်
အားဖြင့် အခိုင် အမာ အခြေစိုက်ပြီး ရှိနေ တတ်တယ်။ တကယ်လို့ သင်ဟာ
အကျွမ်းကျင်ဆုံး နေရာမှာ အလုပ် လုပ်ရတာ ငြီးငွေ့ လာပြီဆိုရင် အဲဒီ
အ၀န်းအ၀ိုင်း တွင်းမှာပဲ ပိုကျွမ်းကျင်တဲ့ ပညာကို သုံးပြီး ကြိုးစား
ကြည့်ပါ။ ကိုယ့်ဘာသာ ကိုယ် ခြစ်ခြုတ်ပြီး ပြန်တီထွင် နေတာမျိုးကို
ရှောင်လိုက်ရင် ပိုပြီး မြန်မြန် အောင်မြင် လာလိမ့်မယ်။
၃။ သတ္တိရှိခြင်း
သတ္တိက အကြီး အကျယ် အရေးကြီး ပါတယ်။ တစ်ခါ တစ်ရံမှာ သင်ဟာ စွန့်စားမှု
ပြုဖို့ လိုအပ် ပါတယ်။ ဦးတည်ချက် ပြောင်းသင့်ရင် ပြောင်းရမယ်။
ဘောင်အပြင် ဘက်ထွက်ပြီး စဉ်းစားပါ။ အကြောင်း ကိစ္စဟောင်း ကိုပဲ နည်းလမ်း
သစ်နဲ့ ကြိုးစား ကြည့်ပါ။ ဒါကြောင့် သင် မသက် မသာ ဖြစ်ကောင်း
ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် ဦးတည် ထားတဲ့ တူရူပြုမှုကို ယုံကြည်ရင် သင်
ရှာနေတဲ့ ရလဒ် တွေကို ယုံကြည်ရင် သင့်အနေနဲ့ မမှိတ် မသုန် နှစ်နှစ် ကာကာ
ယုံလိုက်ဖို့ သတ္တိ လိုအပ် ပါတယ်။
အခြေအနေတွေ ခက်ခက် ခဲခဲဖြစ်လာ ချိန်မျိုးမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု
ဟာ ပြင်းပြင်း ထန်ထန် ရှိနေဖို့နဲ့ သတ္တိရှိ နေဖို့ ဆိုတာ မရှိမဖြစ်တဲ့
အရာတွေပါ။ရိုးသား ဖို့ဆိုတာ သတ္တိက အရေးကြီးပါတယ်။ ကိုယ့်ဘာသာ ရယ်မော
ပစ်နိုင်ဖို့လည်း သတ္တိက အရေးကြီး တာပါပဲ။ သင်မှားသွားတဲ့အခါမှာ
သတ္တိရှိရှိ ၀န်ခံဖို့ ကလည်း မရှိမဖြစ် လိုအပ်ချက်ပါ။
၎။ ဆက်သွယ်မှုရှိခြင်း
ထိရောက်တဲ့ ဆက်သွယ်မှု မရှိရင် စီးပွားရေး လုပ်ငန်း ဖြစ်စေ၊ ပုဂ္ဂလိက
ဆက်ဆံရေး မှာဖြစ်စေ အလုပ် မဖြစ်တဲ့ အထောက် အထားတွေ ရှိပါတယ်။
ဈေးကွက်၊သင့်လုပ်ဖော် ကိုင်ဖက်များနဲ့ မိတ်ဆွေ တွေက သင် ဘာဆက် လုပ်နေတယ်
ဆိုတာ နားလည် နေဖို့က အဓိက ကျပါတယ်။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အတွေး တွေကနေပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့
တွေးတောမှုတွေ ထွက်ပေါ် လာပါတယ်။ ဒီအတွေး တွေဟာ ဆက်သွယ်မှု အားနည်းခြင်းနဲ့
နားလည်မှု လွဲမှားခြင်း တွေက ဖန်တီး ပေးလိုက်တာ ဒါမှမဟုတ် တွန်းအား
ပေးလိုက်ခြင်းပါ။ ဆက်သွယ်မှုဟာ မဟာဗျူဟာ အောင်မြင်ခြင်း အတွက် လိုအပ်တဲ့
ပစ္စည်း ကိရိယာ တစ်ခု ဖြစ်ပါတယ်။
၅။ ဆွဲဆောင်မှုရှိခြင်း
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဆွဲဆောင်မှု ရှိခြင်းက
အောင်မြင်ခြင်းရဲ့ အရေးပါတဲ့ အကြောင်း တစ်ရပ်ပါ။ ဆွဲဆောင်မှု ဆိုတာ
ငွေကုန် ကြေးကျခံပြီး ပြုပြင် မွမ်းမံ ထားတဲ့ အပေါ်ယံ အရည် အချင်းတွေ
မဟုတ်ပါဘူး။ အပြုံးပန်း တစ်ပွင့်ပါ။ ရယ်စရာ မောစရာ တချို့တလေနဲ့
သူတစ်ပါးအပေါ် စစ်မှန်တဲ့ စိတ်ဝင်စားမှု တွေရှိရင် သင်ဟာ ဆွဲဆောင်မှု
ရှိနေတယ်လို့ ပြောနိုင်ပါပြီ။ တခြား အောင်မြင်ခြင်း အမူ အရာ တွေအားလုံး
လိုပဲ ဆွဲဆောင်မှုက အခြေ အနေနဲ့ ကိုက်ညီမှု ရှိရမယ်။ သင့် ဆွဲဆောင်မှုကို
ရိုးသားမှုက ကျောထောက် နောက်ခံ ပြုထားရမယ်။ ပြီးတော့ ဒါဟာ သင့် ဥပဓိရုပ်
တစ်ခုလုံး ရဲ့ အစိတ် အပိုင်းတစ်ခု ဖြစ်သင့်တယ်။ ဆိုးရွားတဲ့ ရောင်းဝယ်မှု
ဒါမှ မဟုတ် တစ်ယောက် ယောက်ရဲ့ နောက်ကျော ကို ဓားနဲ့ထိုး တာမျိုး
မလုပ်ခင်မှာ ဆွဲဆောင်မှု ရှိအောင် လုံးပမ်း တာမျိုးဆိုရင် တော့ သင်ဟာ
ရေရှည်မှာ အောင်မြင်ခြင်းကို ရရှိနိုင်မှာ မဟုတ်ပါဘူး။
၆။ စာနာရိုင်းပင်းတတ်ခြင်း
လူသား တိုင်းလိုလို ဟာ အတူတူ ချည်းပါပဲ။ ဘယ်လို နေရာတွေမှာ တူသလဲ ဆိုရင်
အမှားတွေ လုပ်ကြတယ်၊ ခွင့်လွှတ်ခြင်းနဲ့ စာနာ ရိုင်းပင်းခြင်း ကို
လိုချင်ကြတယ်၊ တစ်ခါ တစ်လေမှာ ဒေါသ လိုမျိုး မကောင်းတဲ့ စိတ်ခံစားမှု
တွေဟာ သင်တို့ကို ၀ါးမြို လောင်မြိုက် စေပါတယ်။ ပြီးတော့ အပြစ်တင် လွှဲချ
တတ်တဲ့ လှည့်ကွက် ရောဂါ လက္ခဏာ ၀င်လာ တော့တာပါပဲ။ အတွေး တွေထဲမှာ
လူတိုင်းက `ကျွန်တော့်ကို ဒေါသဖြစ်အောင်၊ မကျေ မချမ်းဖြစ်အောင် လုပ်နေတာ။
ဒါ ကျွန်တော့်အတွင်း သန္တာန်က ထွက်ပေါ် လာတာ မဟုတ်ဘူးလို့ စပြီး တွေးလာ
ပါတယ်။ အဲဒီလို ရန်သူကို တရစပ် တုံ့ပြန်ဖို့ ရင်ဆိုင် လာရတဲ့ အခြေ
အနေမျိုးမှာ ပင်ကို အသိစိတ်က ပြန်ချဖို့ (ဒါမှမဟုတ်) ခုခံတဲ့ အနေနဲ့
တုံ့ပြန်ဖို့ ကျွန်ုပ်တို့ကို ပြောပါတယ်။ တကယ်တော့ စာနာ ရိုင်းပင်း
တတ်ခြင်းဟာ အားကောင်းတဲ့ လက်နက် တစ်ခုပါ။ လမ်းဆိုး တစ်ခုထဲ ရောက်နေသူ
တစ်ဦး ဦးအတွက် စာနာ ရိုင်းပင်းတဲ့ စိတ်ခံစား လာရတာနဲ့ သင့်အတွက်ရော
သူတို့ အတွက်ပါ အထောက် အပံ့ ဖြစ်သွား တာပါပဲ။ ဒီစကားရပ်ရဲ့ `စာနာ´
တယ်ဆိုတဲ့ သဘောက အကုန် အရေးကြီးတဲ့ သဘောပါ။ သင်လုပ်နေတဲ့ အလုပ်ကို
သင်ကိုယ်တိုင် မယုံကြည်ရင် တော့ တခြား လူတွေ လုပ်ဖို့ဆို တာက
ပိုခက်ခဲတာပေါ့။
၇။ ယုံကြည်မှုရှိခြင်း
ယုံကြည်မှု ရှိခြင်း ဟာ အရာဝတ္ထု အများ အပြား ကနေပြီး လာတာပါ။ သင့်ကိုယ်သင်
သိထား ရမယ်ဆိုတဲ့ အကြောင်းအရာကို သိတာက စလာတာပါ။ တချို့ လူတွေဟာ
ယုံကြည်ချက် အများ အပြားနဲ့ အတူ မွေးဖွားလာ သလားလို့ အောက်မေ့ ရပါတယ်။
ဒါက အခြေခံ ခိုင်ခိုင် မာမာ နဲ့လာတာဆိုရင် အပြု သဘော ဆောင်ပါတယ်။ ဒါပေမဲ့
ယုံကြည်ချက် လွန်ကဲ သွားပြန် ရင်တော့ မာနကြီး၊ စိတ်ကြီးဝင် (ဒါမှမဟုတ်)
မိုက်မဲ တဲ့အသွင် ကို ဆောင်နိုင် ပါတယ်။ ယုံကြည်ချက်ဟာ အချက် အလက် ပေါ်မှာ
အခြေပြုဖို့ လိုအပ် ပါတယ်။ ယုံကြည်ချက် တိုးလာတာနဲ့ ဆောင်ရွက်ဖို့
သင့်စွမ်းရည် လည်း တိုးလာမှာပါ။ ဆောင်ရွက်ဖို့ လိုအပ်တဲ့ သင့်စွမ်းရည်
တိုးလာအောင်လုပ်ရင် သင့်ယုံကြည်ချက် လည်း တိုးပွား လာလိမ့်မယ်။ သူတို့က
တိုက်ရိုက် ဆက်စပ် နေတာပါ။
၈။ ထိန်းချုပ်နိုင်ခြင်း
မှန်ကန် အားကောင်းတဲ့ တွေးခေါ်မှု ဟာ သင့်အတွေး တွေနဲ့ သင့်စိတ်ခံစားမှု
တွေကို ထိန်းချုပ် ပေးနေတဲ့ အကြောင်းပါ။ သတိရဖို့က အတွေး တစ်ခု မရှိဘဲနဲ့
သင့်မှာ စိတ်ခံစားချက် တစ်ခု မရှိနိုင်ပါဘူး ။ စိတ်ခံစားမှုကို အသိ အမှတ်
ပြုပြီး အတွေးကို ထိန်းချုပ်ရမှာ ။ စိတ်ခံစားမှု ပြောင်းဖို့ အတွက်
အတွေးကို ပြောင်းပစ် ရပါမယ်။
၉။ ကတိတည်ခြင်း
တစ်ခါ တစ်ရံ အလွယ်ဆုံး ကိစ္စဟာ လက်မြှောက် အရှုံးပေး လိုက်တာပါ။ တစ်ခါ
တစ်ရံ အဲဒါ မျိုးလုပ်ဖို့ လိုပါတယ်။ ဒါပေမဲ့ သင့်ရည်မှန်းချက်ကို
သင်ယုံကြည်ရင် ပြီးတော့ အောင်မြင်အောင် အကောင် အထည် ဖော်ချင်ရင်
သင်ဒီကိစ္စကို ကတိတည် ရမယ်။ ဆိုလို တာက အရှုံး မပေးရဘူး၊ တစ်ခါ တလေ သင်
လက်မြှောက် အရှုံးပေးချင်စိတ် ပေါ်လာသည့် တိုင်အောင် အရှုံးမပေး
မိစေဖို့ပါပဲ။ သင်ဟာ ရည်မှန်းချက် ရောက်အောင် သဘောထားနဲ့ အပြု အမူတွေ
ပြောင်းဖို့ လိုအပ်ရင် လိုပါလိမ့်မယ်။ ဒါပေမဲ့ ဆက်ပြီး အကောင် အထည်
ဖော်နေရ ပါမယ်။
၁၀။ ရောင့်ရဲမှုရှိခြင်း
ရောင့်ရဲမှု ရှိခြင်း ဆိုတာ လမ်းခရီးရဲ့ အတက် အကျ တွေကို သာယာ ကြည်နူးမှု
ရှိတဲ့ အကြောင်းပါ။ ဘာမျှ မရှိတဲ့ တဒင်္ဂ အခြေအနေ မှာတောင် ရောင့်ရဲမှု
ရှိရပါမယ်။ သင်ဦးတည် ထားတဲ့ ခပ်လှမ်းလှမ်း ကိုသာ အာရုံစိုက် နေပြီး
လက်ရှိကြုံရတဲ့ အတက် အကျတွေကို မွေ့လျော်မှု မရှိရင် သင့်ဘ၀ တစ်လျှောက်မှာ
အများကြီး လွတ်ကျခဲ့မယ့် အန္တရာယ်ရှိ တယ်။ ဦးတည်ချက် တစ်ခုကို သွားနေဖို့
လိုအပ် တယ်ဆိုရင် သွားနေတဲ့ ခရီးလမ်း တစ်လျှောက်မှာ သင်တွေ့ သမျှ တွေကို
ကြည်နူး မွေ့လျော်ဖို့ ကလည်း အရေးကြီး ပါတယ်။ သူက ထပ်လာမှာ
မဟုတ်တော့ပါဘူး။ အောင်မြင်ဖို့ ဆိုရင် သင့်မှာ ရှိတာ တွေကို တန်ဖိုးထား
တတ်ရမယ်။ ပြီးတော့ သင့်မှာ မရှိတာတွေ အကြောင်းကို တွေးပြီး စိတ်မသက် မသာ
ဖြစ်မနေ ရဘူး။
ဒီအချက်အလက်တွေကို သတိထားပြီး လုပ်ဆောင်နိုင် သည်နှင့်အမျှ
အောင်မြင်ခြင်းကို လက်ဝယ် ပိုင်ပိုင် ရနိုင်မှာ အသေအချာပါ။

To Be a Professional

Welcome to IT Field!!
သင် IT လောကမှာ Professional တစ်ယောက်ဖြစ်ချင်ပြီလား?



ဘာမှမပြောခင် Professional ဆိုတာလေးစဉ်းစားပြီး အဖြေထုတ်ကြည့်စေချင်ပါတယ်။ ကျနော်တွေးမိသလောက်တော့
“ ပညာရပ်တစ်ခုကို ကျွမ်းကျင်နေရုံနဲ့ Professional မဖြစ်သေးဘူး။ ပတ်ဝန်းကျင်တစ်ခုကလည်း သူ့ကိုသိပြီးလက်ခံနေရမယ်။ ပြီးတော့ ပတ်ဝန်းကျင်ကိုလည်း အဲ့ပညာရပ်နဲ့ဖြစ်ဖြစ် ကောင်းကျိုးပြုနိုင်ရပါမယ်။ ”
ကျတော့အမြင်သက်သက်ပါ။

IT လောကမှာ Professional တစ်ယောက်ဖြစ်ဖို့ဆိုတာ IT ကို တကယ်ချစ်မှ ဖြစ်နိုင်မှာပါ။
နောက်ထပ်လိုအပ်တာက . . .
၁။ စာဖတ်မပျင်းရဘူး (နည်းပညာအသစ်အဆန်းတွေနောက်ကို ထပ်ချပ်မကွာဖို့ပါ)
၂။ ကိုယ်လျှောက်မယ့် လမ်းကြောင်းကို တိတိကျကျသိရပါမယ်။ ( သင်တန်းကအစ ဘာပြီးဘာတက်မယ်ဆိုတာမျိုးပါ)
၃။ သင်ယူလိုစိတ် ထာဝရ ပြင်းပြနေရပါမယ်
၎။ သီအိုရီနဲ့ လက်တွေ့ တစ်သားတည်းကျနေရပါမယ်
၅။ မလျော့သော ဇွဲနဲ့ ကြိုးစားနိုင်ရပါမယ်
၆။ ဖြန့်ကျက်တွေးတောနိုင်မှုကို မွေးမြူနိုင်ရပါမယ်။
အစမှာ အောင်မြင်ဖို့ ၀င်ငွေကောင်းဖို့ထက် အခြေခံဘယ်လောက်ပိုင်နိုင်လဲ?
Theory တွေကို သေချာ ပြတ်ပြတ်သားသားနားလည်လား?
တကယ် လုပ်နိုင်ပြီလား? ဆိုတာက အရေးကြီးပါတယ်။
ဘယ်သင်တန်းကမှ “သင်တန်းအပြီး ဆရာကြီးဖြစ်စေ” ဆိုတာမျိုးမပေးနိုင်ပါဘူး။
အတက်နိုင်ဆုံး သီအိုရီတွေ အခိုင်မာဆုံးဖြစ်အောင်ဆောက်ပေးမယ်၊ ကိုယ်တိုင် တိတိကျကျ ပြတ်ပြတ်သားသားနားလည်နေရပါမယ်။ မရှင်းရင် ရှုပ်နေမှာပါ။ အဲ့ဒါ တစ်သက်လုံးသွားရော။ စာဖတ်ဖို့နဲ့ ဆရာတွေကို မေးဖို့က သင့်တာဝန်ပါ။ တကယ်တတ်ချင်ရင် တကယ် Try ရမှာပါ။
လက်တွေ့ပိုင်းတွေဆို ရှေ့ကလုပ်ပြမယ်၊ တစ်ကြိမ်မရရင် နောက်တစ်ကြိမ်လုပ်ပြပေးမယ်၊ ဘာကြောင့် Next နှိပ်ရတာလဲ သေချာနားလည်နေရပါမယ်။ Next > Next > Next > install အကွက်တွေက သင့်ကို တချိန်ဒုက္ခလှလှလေးတွေ အများကြီးပေးပါလိမ့်မယ်။ ကွန်ပျုတာမှာ Click တစ်ချက်တိုင်း Command တစ်ကြောင်းတိုင်းဟာ အလကားမဟုတ်ပါဘူး၊ လိုလို့ လုပ်ရတာတွေပါ။
သင်ကိုယ်တိုင်နားလည်ပြီဆို . . . အကြိမ်ကြိမ် ထပ်ခါထပ်ခါ ပြန်လေ့ကျင့်ပါ။ နည်းအမျိုးမျိုးပြောင်းစမ်းပါ။ Error တွေကို Group အလိုက်ဖြေရှင်းပါ။ စာဖတ်ပါ။ ဆရာကိုမေးပါ။
တစ်ခုခုကို ရပြီဆိုပြီးလည်း ပစ်မထားလိုက်နဲ့ ၃ လတစ်ခါလောက် ကိုယ့်ဘာသာ ပြန်စာမေးပွဲစစ်ပါ။ စာအုပ်ကြည့်လုပ်နေရရင် မဟုတ်သေးဘူး ပျော့သေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် အမှတ်ပေးပါ။
အရေးကြီးဆုံးက လမ်းကြောင်းမလွဲဖို့နဲ့ လိုင်းမကြောင်ဖို့ပါ။
သူများက ဘယ်မှာ ဘယ်လောက်ရတယ်။ ဘယ်သူက ဘယ်မှာ ဘယ်နှစ်လအတွင်း အဆင်ပြေနေပြီ။ ဘာ . . ညာ . .
အဲ့တာတွေ ခေါင်းထဲမထည့်ပါနဲ့။ သင်လုပ်ရမှာကိုပဲ သေချာလုပ်ပါ။ အောင်မြင်နေတဲ့သူတွေ သူတို့ဘယ်လောက် Try ခဲ့လည်း ဘယ်သူမှမသိနိုင်ပါဘူး။
နောက်ဆုံးတစ်ခုက သင်မသိရင် သင်ခံရမှာပဲဆိုတာလေးပါ။ အခြေခံပိုင်မှလည်း မြင့်မြင့်ဆောက်နိုင်မှာမို့ . . .
* အခြေခံပိုင်အောင်လုပ်
* သီအိုရီခိုင်အောင်လေ့လာ
* လက်တွေ့အားကောင်းပါစေ
* အားရင် နည်းပညာအသစ်အဆန်းတွေရှာဖွေပါ။
* လိုင်းမကြောင်ပါနဲ့။
* တစ်ဆင့်ပြီးမှ နောက်တစ်ဆင့်တက်ပါ။
** နည်းပညာလောကထဲဝင်လာမည့် ညီငယ်/ညီမငယ်များ အတွက်ရည်ရွယ်ချက်ကောင်းဖြင့် ရေးသားပါတယ်။
ကျနော်အရမ်းကြိုက်တဲ့စကားလေးတစ်ခုနဲ့ ဒီစာကို နိဂုံးချုပ်ပါတယ်။
“တစ်ခုခုကိုတော်အောင်လုပ် . . မင်း . . . အဖိုးတန်သွားလိမ့်မယ်။”

     >>>>>> Shar Thu <<<<<<<

Complete Network Engineer Course

Network Engineer ဖြစ်လိုသူများအတွက်---
##########################
Network Engineer ကောင်းတစ်ယောက်အဖြစ် အသက်မွေးချင်ရင်
အောက်ခြေခိုင်ခိုင်နဲ့ တက်လာမှ ရပါမယ်၊၊
Theory တွေကိုလည်း ပျက်ပျက်သားသားနားလည်နေရမည်ဖြစ်ပြီး Communication ကောင်းဖို့နဲ့
စနစ်တကအလုပ်လုပ်တက်ဖို့လည်းလိုပါတယ်။
နောက်တစ်ခုက အသစ်အသစ်သော နည်းပညာများကို ရူးသွပ်ခြင်းပါ။

ကဲ Network သမားကောင်းတစ်ယောက်ဖြစ်ဖို့ ဒီသင်တန်းက Course Outline တွေသေချာဖတ်ပြီး စုံစမ်းတက်ရောက်စေချင်ပါတယ်။






အခုဖွင့်မယ့် Course ကတော့ Zero to Hero ပါပဲ
ကွန်ပျူတာအခြေခံကနေ Hardware Engineer, Network Engineer အထိကို တစ်ခါတည်း အပြီးလေ့ကျင့်သင်ကြားပေးမည့်သင်တန်းဖြစ်ပါတယ်။
Engineer ဟုဆိုသည့်အတိုင်း Theory ကို အတွင်းကျကျလေ့လာရမည်ဖြစ်ပြီးး
သင်တန်းမှ အပတ်စဉ်ချပေးသော Lab များကို ပြုလုပ်ရင်း လုပ်ငန်းခွင် ကျွမ်းကျင်မှုကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။

သင်ကြားမည့် Course Outline အကြမ်းကတော့
----------------------------------------------------
# Essential Knowledge of Computer
အသိမဖြစ်သိထားသင့်သည့် ကွန်ပျူတာအခြေခံအကြောင်းများ
# Computer Hardware Engineering
ကွန်ပျူတာ ပြုပြင်ခြင်းနှင့် အစိတ်အပိုင်းများ၏ အသေးစိတ်အချက်အလတ်များ
# Computer System Administration
System ပိုင်းထိန်းချုပ်ခြင်းများ
# Network Engineering (Windows Server Base)
ကွန်ပျူတာ နက်ဝက် ကို အခြေခံမှစ၍ Windows Server များကိုင်တွယ်နိုင်ဖြေရှင်းခြင်း
# Wireless Networking
ကြိုးမဲ့ ဆက်သွယ်မှုများ
# Basic Knowledge of Linux OS & System
Linux OS အခြေခံများ-
စသည်တို့ကို အခြေခံမှစ၍ သင်ကြားရမည်ဖြစ်သည်။

*** Course Detail ကိုတော့ အောက်က Link မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။
https://pyramidict.blogspot.com/…/zero-to-hero-course-outli…

# သင်တန်းကာလကတော့ (၅)လ ကြာမြင့်မည်ဖြစ်သည်။
(တက်မည့် အချိန်ညှိယူနိုင်ပါတယ်။)
# သင်တန်းကြေးကတော့ 300000 MMK  ဖြစ်ပြီး ခွဲသွင်းနိုင်ပါတယ်။

# သင်တန်းရဲ့အားသာချက်တွေကတော့
- ကျောင်းသားများကို မိသားစုကဲ့သို သင်ကြားပြသ ဆက်ဆံခြင်း
- စာသင်သက် (7) နှစ်ကျော်ရှိ ဆရာမှ Theory များကို ပြတ်ပြတ်သားသားနားလည်အောင် သင်ကြားပေးခြင်း
- တစ်ယောက်ချင်းစီကို အတက်မချင်း သင်ကြားပေးခြင်း
- သင်တန်းကြေးကို နိုင်သလောက် ခွဲသွင်းနိုင်ခြင်း
- သင်တန်းချိန်ကို မိသားစုကဲ့သို့ ညှိယူနိုင်ခြင်း
- သင်တန်းပြီးလျှင်လည်း Secret Group ထဲတဿွင် အသစ်အသစ်သော Lab များဖြင့်အမြဲ လေ့လာနိုင်ခြင်း
- လုပ်ငန်းခွင် အခက်အခဲများကိုလည်း ၄င်း Group အတွင်း ဆရာအပြင် လုပ်ငန်းခွင်ဝင်လျှက်ရှိသောကျောင်းသားဟောင်းများက ကူညီဖြေရှင်းပေးခြင်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။

# နယ်ကျောင်းသားများအတွက် နေ/စား စီစဉ်ထားပြီး အနီးကပ် သင်ကြားခွင့်လည်း ထပ်မံရရှိမှာ ဖြစ်ပါတယ်။

# စုံစမ်းရန် -
အမှတ် ၉(တတိယထပ်)၊ သန္တာ (၇) လမ်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
Hot Line : 09 9655 255 12, 09 7950 233 50.
Email - mr.sharthu@gmail.com

CCNA (R/S) Course

CCNA (R/S) သင်တန်း အမှတ်စဉ် (၁) ဖွင့်လှစ်ခြင်း
Pyramid ICT Training Center မှ Professional Certificate in Network Engineering အောင်မြင်ပြီးသည့်ကျောင်းသားများအတွက် အထူးသင်တန်းဖြစ်သည့် လက်တွေ့အချိန်အထူးစီစဉ်ပေးသည့် Cisco Certified Network Associate (CCNA) သင်တန်း အမှတ်စဉ် (၁) ကို စတင်ဖွင့်လှစ်ပေးတော့မည်ဖြစ်ပါသည်။




အဆိုပါသင်တန်းတွင် Cisco ၏ပြဌာန်းချက်ပါ CCNA Routing & Switching (200-120) သင်ရိုးညွန်းတန်းများ အတိုင်းသင်ကြားပေးမှာဖြစ်ပြီး 
# Introduction to CCNA
# Network & Internetwork
# TCP/IP Addressing
# Subnetting
# Cisco Hierarchical 3 Layer
# Using PacketTracer
# Using GNS3
# Cisco Router Memory Elements
# Cisco Router Boot Process
# Basic Commands
# Cisco Router IOS Backup & Restore
# Cisco Router Password Reccovery
# Basic Static Route
    > Network Route    
    > Host Route        
    > Default Route
# Cisco Products
# Route Summarization & VLSM
# WAN Link & (PPP, HDLC, Frame Relay)
# Routing Overview and Dynamic Routing Protocols
# RIPv1 & RIPv2
# OSPF
# EIGRP
# Access List (Cisco Router Firewall)
# NAT (SNAT & DNAT) & Port Forwarding/ Mapping
    > One to One NAT
    > Many to Many NAT
    > Many to One NAT
# VPN Tunnel
    > GRE
# WAN Networking
# Introduction to Switching
# VLAN & Etherchannel
# InterVLAN Routing Protocol
# Q in Q Tunnel
# Spanning Tree Protocol (STP)
# IPv6

စသည့်အကြောင်းအရာများကို သင်ရိုးကုန်သင်ကြား ပေးသွားမည်ဖြစ်ပြီး လိုအပ်သော Theory & Lab များဖြင့် လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပါသည်။
Pyramid ICT Training Center မှ သင်ကြားပေးသော သင်တန်းများပြီးမြောက်ပါက သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်အတွင်း အထူးကျွမ်းကျင်စွာ လုပ်ကိုင်နိုင်စေပါမည့် အကြောင်းများမှာ
၁။ နားလည်တတ်မြောက်လွယ်စေရန် Concept နှင့် Theory ကို လက်တွေ့တွဲဖက်ပြီး သင်ကြားပေးခြင်း
၂။ CISCO Devices များ အခြား Network Devices များကို ကိုယ်တိုင် ကိုင်တွယ်လက်တွေ့ Configuration အကြိမ်များစွာ ပြုလုပ်ရသဖြင့် သင်တန်းသားကိုယ်တိုင် ယုံကြည်မှုအပြည့်အ၀ ရရှိစေခြင်း
၃။ CCNA Exam အတွက်ပါ ပြင်ဆင်လေ့ကျင့်ပေးခြင်း

မကြာမီဖွင့်လှစ်သည့် သင်တန်းအမှတ်စဉ် (၂)တွင် ပြင်ပမှကျောင်းသားများကိုလည်း စတင်ခေါ်ယူသင်ကြားပေးသွားတော့မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားပါက ကြိုတင်စာရင်းများ ပေးသွင်းထားနိုင်ပါသည်။

ယခုသင်တန်းကို Networking အခြေခံသိရှိလေ့လာပြီးသူများ၊ Networking နယ်ပယ်အတွင်းလက်တွေ့အလုပ်လုပ်ကိုင်နေကြသူများ၊ အဝေးသင်ဖြေဆို ထားကြသူများ၊ ကွန်ပျူတာတက္ကသိုလ်တက်ရောက်ဆဲနှင့် အောင်မြင်ပြီးသူများ၊ နည်းပညာတက္ကသိုလ် တက်ရောက်ဆဲနှင့် အောင်မြင်ပြီးကြသူများ ၊ Network Professional တစ်ဦးအဖြစ် ရပ်တည်အသက်မွေးလိုသူများ မဖြစ်မနေ တက်ရောက်ထားသင့်ပါသည်။

Pyramid ICT Training Center

သင်တန်းကာလ - ( ၃ ) လနှင့် အထက် ( သင်လိုက်နိုင်တဲ့နှုန်းအပေါ်မူတည်ပြီး တက်အောင်သင်မည် )
သင်တန်းအချိန် - ၁ ပတ် ၃ ရက် ( တစ်ရက် ၂ နာရီ )
(ရုံးချိန်လွတ်တန်းများနှင့် နယ်မှကျောင်းသားများ နေထိုင်ရေးစီစဉ်ပေးသည်)
သင်တန်းကြေး - ၃၀၀၀၀၀ (၃သိန်းကျပ်)
သင်တန်းနေရာ - အမှတ် ၉/ သန္တာ ( ၇ ) လမ်း ၊ မြောက်ဥက္ကလာပ ရန်ကုန်။
ဆက်သွယ်စုံစမ်းရန် - 09 965525512, 09 7950 233 50။

Network Engineering Course (Windows Server Base )

"Network Engineering Course (Windows Server Base ) သီးသန့်သင်တန်း ဖွင့်လှစ်ခြင်း "
--------------------------------------------------------------------------------
"ထွေထွေထူးထူးမပြောတော့ပါဘူးးး ....
ထွေထွေထူးထူးမပြောတော့ပါဘူးးး ....
သင်ရိုးကိုသာ ကြည့်ပြီး အမှန်တကယ် တက်မြောက်ချင်တယ်ဆို စာရင်းပေးအပ်နှံနိုင်ပါပြီ...။ သင်တန်းကြေးထပ် မကတဲ့ သင်ရိုးကိုမြင်ရင်
ကျွန်ုပ်တို့ စေတနာကို သိမှာပါ။ Engineer ဆိုတာ User မဟုတ်ဘူးလေ.."
သင်တန်းကာလ -- ၃ လ ၀န်းကျင် (အတက်သင်မှာမို့ လူပေါ်တော့မူတည်တယ်နော်)
သင်တန်းအချိန် - ၁ ပတ် ၃ ရက်
သင်တန်းကြေး - ၂၀၀၀၀၀ ကျပ် (၂ ရစ်ခွဲသွင်းနိုင်သည်)
ဆက်သွယ် စုံစမ်း စာရင်းပေးနိုင်ပါပြီ။



Network Engineering (NE) Course Outline
=================================
Part-I: Foundation of Computer Network
--------------------------------------------------------
# Exploring the Functions of Networking
# What is computer network?
# Easy connection between different types of machines
# Types of Computer Network
# Peer to Peer Network
# Server based Network (Client-Server Network)
# Network Classification
About PAN
About LAN
About MAN
About WAN
# Local area network
# What is a LAN?
# Type of LAN
# Elements of a LAN
# Components of Computer Networks
# Physical Topologies
# About Bus Topology
# About Star Topology
# About Ring Topology
# About Mesh Topology
# About Tree Topology
# Conclusions of Network
# Communication Style
Simplex
Half Duplex
Full Duplex
# Baseband VS Broadband
# Types of LAN Technology
Ethernet
Fast Ethernet
Gigabit Ethernet
10 Gigabit Ethernet
# Standard Ethernet Code
# CSMA/CD
# Types of Network Cables
Coaxial Cable
Thick
Thin
Twisted pair cables
Unshielded Twisted Pair (UTP) cables
Shielded Twisted Pair (STP) cables
Categories of UTP and STP cables
Fiber optic cables
Single mode fiber optic cable
Multimode fiber optic cable
# Networking and Cable Standards
10Mbps Ethernet
10Base2
10BaseT
10BaseFL
100Mbps Ethernet
100BaseTX
100BaseT4
100BaseFX
1000Mbps Ethernet
1000BaseX
1000BaseT
10 Gigabit Ethernet
10GBaseSR
10GBaseLR
10GBaseER
# Cabling Twisted Pair Cable
EIA/TIA 568 A Type
EIA/TIA 568 B Type
# Cabling Tool
# Cabling Twisted Pair
# Networking Devices
About NIC
About Hub
About Switch
About Bridge
About MAU
About Router
About Firewall
About Gateway
About CSU / DSU
About Modem
About WAP
# Network Protocols
NetBEUI
IPX/SPX
AppleTalk
TCP/IP
# Transmission Control Protocol/Internet Protocol (TCP/IP)
# TCP/IP addressing
# TCP/IP naming
# TCP/IP routing
# TCP/IP interoperability
# TCP/IP protocols
# Internet Protocol (IP)
# Transmission Control Protocol(TCP)
# User Datagram Protocol (UDP)
Part-II: OSI Model
-----------------------
# The OSI Networking Model
# Why do we need the OSI Model?
# 7 OSI Layers
# How do OSI Layers work?
# Physical layer (Layer 1)
# Topology
# Hardware
# Data Link layer (Layer 2)
# Media Access Control (MAC)
# Logical Link Control (LLC)
# Network layer (Layer 3)
# Transport layer (Layer 4)
# Session layer (Layer 5)
# Presentation layer (Layer 6)
# Application layer (Layer 7)
# Summary of OSI 7 Layers
# Mapping OSI layers to network devices
# OSI 7 Layer and TCP/IP Protocols
Part-III: IP Addressing & Subnetting
---------------------------------------------
IP Addressing
IPv4 addresses
Subnet mask
Public and private IP addresses
Subnetting
3 Methods of Communication
Unicast ( 1 to 1 )
Multicast (1 to many )
Broadcast ( 1 to all )
Address Assignment
Static
Dynamic
Automatic Private IP Addressing (APIPA)
Types of IPv4 Addresses
IPv6 addresses
IPv6 Address Expression and Examples
Types of IPv6 Addresses
Anycast
Multicast
Unicast
Global unicast addresses
Link-local addresses
Site-local addresses
Unique local addresses
Special addresses
Transition addresses
Difference between IPv4 & IPV6
Why We Need IPv6
Hexa Decimal
Media Access Control (MAC) Address
Part-IV: TCP/IP Layers & Utilities
-----------------------------------------
TCP/IP Layers
Different between OSI & TCP/IP Layers
Essential TCP/IP Utilities (Commands)
ifconfig (or) ipconfig
ping
arp
netstat
telnet
nslookup
tracert
Part-V: Basic Network and Services
---------------------------------------------
Installation Workgroup Network
Use Services after Workgroup installation
Windows ~
Remote Desktop
Files and Printer Sharing (SMB)
Folder & Security Permission
Using Third Party Software
VNC
Part-VI: Windows Server
-----------------------------
What is Server?
Server Hardware & OS
About windows server
Types of Windows Servers
Hardware Requirements
Installation Windows Server 2012
RAID
To do things after Installation
WEB Server (IIS)
DHCP Server
DNS Server
Gateway Server
NAT
ICS
Chat Server
Exchange Mail Server
E-mail SVR
WEB Mail SVR
FTP & Authentication
VPN (Remote Access)
Active Directory Domain Service (ADDS)
OR
Uses & Group
GPO
Password Policy
Account Lock out Policy
User Administration
Permission
More Administration
Windows Server backup and restore
Part-VII: Wireless Network
---------------------------------
Wireless Concepts
Wireless Mode
Ad-Hoc
Infrastructure ***
Bridge
Wireless Antenna
Wireless Standards
Wireless Security
Wireless Network Labs
Wireless Routers & Configuration
Part-VIII: WAN Network
------------------------------
WAN Links
DS0, DS1, E1, T1 ,. . .
SDH
About E1Network
About xDSL & DSLAM
SONET (Fiber)
About Fiber Network
About GPON
Satellite Communication
About IP Star
Part-IX: Routing Basic and Firewall
--------------------------------------------
Network & Internetwork
Frame Flow and MAC
Packet Flow and IP
Routing
Static Route
Dynamic Route
DHCP relay agent
Firewall
What is Firewall
Types of Firewall
Firewall Rules
Inbound Rule
Outbound Rule
Introduction of FTMG Firewall

ဆက်သွယ် စုံစမ်းရန် -
Pyramid ICT Training Center (1)
Hot Line : 09 965525512, 09 7950 233 50.

Collective Nouns :D


မှတ်ထားသင့်တဲ့ စကားလုံးလေးများ ( ၁ )

A fleet of cars = ကားတန်းတစ်တန်း
A set of tools = ကိရိယာတစ်စုံ
A stack of hay = ကောက်ရိုးတစ်ပုံ
A heap of stones = ကျောက်ပုံတစ်ပုံ
A brood of chickens = ကြက်တစ်အုပ်
A group of stars = ကြယ်အုပ်စုတစ်စု
A herd of cattle = ကျွဲနွားတစ်အုပ်
A caravan of travellers = ခရီးသွားတစ်ဖွဲ့
A little of puppies = ခွေးသားပေါက်တစ်အုပ်
A band of musician = ဂီတသမားအဖွဲ့တစ်ဖွဲ့
A shoal of fish = ငါးအုပ်တစ်အုပ်
A bunch of bananas = ငှက်ပျောခိုင်တစ်ခိုင်/ ငှက်ပျောသီးတစ်ဖီး
A flock of birds = ငှက်အုပ်တစ်အုပ်
A bunch of grapes = စပျစ်သီးတစ်ခိုင်
A series of books = စာအုပ်တွဲတစ်တွဲ
A troop of soldiers = စစ်တပ်တစ်တပ်
A pinch of salt = ဆားလက်တစ်ဆုပ်
A bar of soap = ဆပ်ပြာတစ်တောင့်
A range of mountains = တောင်စဉ်တန်းတစ်ခု
A range of hills = တောင်တန်းတစ်ခု
A mass of clouds = တိမ်အုပ်တစ်အုပ်
A bundle of sticks = ထင်းတစ်စီး
A board of directors = ဒါရိုက်တာအဖွဲ့တစ်ဖွဲ့
A swarm of ants = ပုရွက်ဆိတ်အုံတစ်အုံ
A garland of flowers = ပန်းကုံးတစ်ကုံး
A bunch of flowers = ပန်းစည်းတစ်စည်း
A series of events = ဖြစ်ကြောင်းစုံတစ်ရပ်
A train of carriages = မီးရထားတွဲတစ်တွဲ
A stud of horses = မြင်းအုပ်တစ်အုပ်
A class of people = လူတန်းစားတစ်ရပ်
A queue of people = လူတန်းတစ်တန်း
A tribe of people = လူမျိုးစုတစ်စု
A crowd of people = လူအုပ်တစ်အုပ်
A gang of thieves = သူခိုးဂိုဏ်းတစ်ဂိုဏ်း
A party of friends = သူငယ်ချင်းတစ်စု
A bunch of keys = သော့တွဲတစ်တွဲ
A crew of sailors = သင်္ဘောသားတစ်စု
A gang of prisoners = အကျဉ်းသားတစ်အုပ်
A band of singers = အဆိုတော်တစ်ဖွဲ့
A bale of clothes = အဝတ်ထုပ်တစ်ထုပ်

ရှားသူ
< Pyramid Training Center >
 
 

Featured Post

OSPF အပိုင်း(၂)

OSPF ဘယ်လို အလုပ်လုပ်လဲ? Step 1           ပထမဆုံးသူ hello packet ကိုပို့ပြီး Neighbor ရှာမယ်။ Neighbor ရှာပြီးရင် Topology Table...