Saturday, July 25, 2015

မ ပြော သင့် သော စကားဆိုး




"စကားကျွံ နှုတ်မရ" ဆို တဲ့စကားပုံရှိတယ်
နှုတ်လို့ရလည်း ရှပ်ပြီးမှသာ နှုတ်လို့ရတယ်
စကား စကားပြောပါများ စကားထဲက ဇာတိ
ပြ ပြီး စကားက နေ ကားပြီး လောက ဓံတရား
တွေ ပေါ် ပေါက် လာကုန်ရော နှုတ်က စကား
ထွက် ဖို့ ထွက် တော့ လွယ် လွယ် ထွက်
အ ပြော ခံရသူက ဒေါကန် ဒေါကန်တော့
ပြောရန် စကားတွေက ထပ်ပေါ်လာ ပေါ်
လာရာက ပျော်စရာ မဖြစ်ဘဲ မ တော် တာ
တွေ ဖြစ် ကုန် ကြ ရော
ပြော တော့ရှပ် ရှပ် တော့ ပြော
ပြော တော့ မော မောရာက ဒေါ
လောက ကြီး လူ့ဘဝ ရရာ မှာ ပြောစရာ
မလို ရင် ပြောကို မ ပြော နဲ့ ဗျာ
လုပ်မှ ဖြစ် ပြောမှ သိမှာဆိုတဲ့ ပြော သင့်
ပြော ထိုက် တဲ့ စကားမျိုးတွေကို တော့
ပြော ပေါ့ မ ပြောဘဲ နေ လို့မှမ ရတာ
စကားဆိုးတွေဆိုရင် မ ပြော မိ အောင်
သတိ ဆောင် ပါ စကားဆိုးပေါင်း ၂၅
ခု ရှိတယ်
( ၁) မသင့် တဲ့အချိန်မှာ ပြော တာ
(၂) မမှန် တဲ့ စကားတွေကို ပြော တာ
(၃) အကျိုးနဲ့ မဆပ် တဲ့ စကားတွေကိုပြော
တာ
(၄) အဆုံးအမ နဲ့ မဆက် တဲ့စကားတွေကို
ပြော တာ
(၅) အစီးအပွားနဲ့ မစပ် တဲ့ စကားတွေကို
ပြော တာ
(၆) မမှတ် သားလောက်တဲ့စကားဆိုးတွေ
ပြော တာ
(၇) ပျံ့လွင့် တဲ့ စိတ်နဲ့ အကျိုးမရှိ သိမ်ဖျင်းတဲ့ စကားဆိုးတွေ ပြောတာ
(၈) ကုန်းစကား မတည်ကြည်တဲ့ စကားဆိုး
တွေ ပြော တာ
(၉ ) တဏှာရာဂ ကိ လေသာ ဆွယ်ပွားတဲ့
စကားတွေ ပြော တာ
(၁၀) ခိုက် ရန်ကို လို လားတဲ့စကားတွေပြော
တာ
(၁၁) တစ် ဖက်သားအယူမှားအောင် သွေး
ဆောင် ပြော တာ
(၁၂).ဆဲရေးတိုင်းထွာ ပြော တာ
(၁၃).ကောက်ကျစ် လှညိ့ပတ် ပြော တာ
(၁၄) ဇွတ်တရွတ် မဆင် မခြင် ပြော တာ
(၁၅) မှန်တဲ့စကားကိုဘဲ မြန်မြန်ကြီး ပြောချ
လိုက် တာ
တစ် ဖကိ သား နားဝင် မချို ဘာမှန်းမသိ
(၁၆) တရားဓမ္မ စကားကို ရွတ် ရွတ် နောက်နောက် ပြော တာ
(၁၇) သံဃာ ဂိုဏ်း ကွဲစေတဲ့ စကားကို
ပြော တာ
(၁၈) အ သေးအဖွဲ့က အစ အမြဲတမ်း မြည်တွန် ပြောဆို နေ တာ
(၁၉) မှန်တဲ့စကားကို တောင် အကြိမ်ကြိမ်
ထပိ ထပ်ပြီး ပြော နေ တာ
(၂၀) အ ကြောင်းအကျိုး မစပ် တာတွေကို
ပြော တာ
(၂၁) အတိတ်က ဒေါသ ဖြစ်စရာတွေ
ပြန် တွေးပြ တာ
(၂၂) အသံ တိုးတိုးတိတ်တိတ် ပြောရမှာကို
အသံကျယ်ကျယ် လောင် လောင် ပြော တာ
(၂၃) စကားကို ကပ်ပြီး လိုက် ပြော တာ
(၂၄) မသိဘဲ ဟန် ဆောင် ပြော တာ
(၂၅) လုပ်ကြံ ဖန်တီးပြော တာ တွေဟာ
စကားဆိုးတွေ ဖြစ်ပါတယ်
လောကမှာ စကားတွေပုံစံ အမျိုးမျိုး ရှိတယ်
စကားကောင်းစကားမွန် တွေ
ဟာတန်ဖိုးရှိ
သ လောက် စကားဆိုးတွေက တအားဆိုး
ပါတယ်
စကားကို မ ပြောမီ စဉ်းစား
ပြောပြီးပြန်စဉ်းစား
ပြောစရာမလို ရင် မ ပြော ပါ နဲ့
လူ ရှေ့ စကားပုံမှာ "ပြောပြီးသော စကား
နင့် ဖိတ်ပြီးသော ရေ ပြန်၍ မသုံးနိင်
တော့ ပါ " လို့ ဆို တယ်
နှုတ်တစ် ရာ စာတစ်လုံး ဆို ပေမယ့်စကား
တစ် ခွန်းကလည်း စီးပွားရေးပျက်
ခန္ဓာ ပျက် ဖြစ် တတ်ပါတယ်
လောက မှာ ပြောသမျှ ဟာ ဒေါသနဲ့လည်း
ကောင်း ပြသာနာ နဲ့လည်းကောင်း
ရှင်း အောင် ပြောပါ
မလို ရင် တော့ ပြောကို မ ပြောပါနဲ့ဗျိုံ့

0 comments:

Post a Comment

Featured Post

OSPF အပိုင်း(၂)

OSPF ဘယ်လို အလုပ်လုပ်လဲ? Step 1           ပထမဆုံးသူ hello packet ကိုပို့ပြီး Neighbor ရှာမယ်။ Neighbor ရှာပြီးရင် Topology Table...